အချိန်ကား 24နာရီကျန်သေးပြီး တရားဝင်ဝက်ဘ်ဆိုဒ်ထဲကို ဝင်လာသည့်လူဦးရေက သန်း100ကို အသာလေးကျော်သွားတော့သည်။

ကြည့်ရှုသူအရေအတွက်က တဟုန်ထိုးတက်နေဆဲပင်။

ယွမ်ရှင်းကျဲက လေလံပွဲအတွက် ကန့်သတ်ချက်များ မထားသည့်အတွက် လူတိုင်း လေလံပွဲမှာ ပါဝင်နိုင်သည်ဟူသော သဘောဖြစ်၏။ ထို့ကြောင့် ဘေးဘက်မဟာမိတ်အဖွဲ့အစည်းကလည်း ပါဝင်ရန် အထောက်တော်အများပြားကို စေလွှတ်ခဲ့သည်။

မဟာမိတ်အဖွဲ့အစည်း၏ထိပ်ပိုင်းအရာရှိများက ဤမက်ခါကို အချိန်အတော်ကြာကတည်းက အလွန်အမင်း မက်မောနေခဲ့သည်ဟုပင် ဆို၍ရပေ၏။

မိတ်ဆက်ထဲ၌ ယွမ်ရှင်းကျဲက ဤမက်ခါတွင် စိတ်စွမ်းအားချဲ့ထွင်မှုနည်းဗျူဟာကို အသုံးပြုထားကြောင်း ရှင်းရှင်းလင်းလင်း ရေးသားထားသည်ဖြစ်ရာ မည်သူတစ်ဦယောင်၏စိတ်စွမ်းအားနှင့်မှ ကန့်သားထားခြင်းမရှိဟုအဓိပ္ပါယ်ရသည့်အပြင် တစ်ခါမှမကြားဖူးသည့် အဆင့်မြင့်လက်နက်များပါ တပ်ဆင်ထားလေသည်။

မှန်သည်ပင်၊ ဤနည်းပညာတခြားသူများလက်ထဲရောက်မှာကို ယွမ်ရှင်းကျဲ မကြောက်ပေ။ အရာရာတိုင်းကို ကုဒ်ဝှက်ထား၏။ ဝယ်ယူသူက ထုတ်ကုန်ကို ဝယ်လိုက်လျှင်ပင် မက်ခါ၏နည်းပညာဆိုင်ရာလျှို့ဝှက်ချက်များကို လေ့လာပြီး နားလည်ရန်ကား ဆယ်စုနှစ်အနည်းငယ်အတွင်း သို့မဟုတ် နှစ်တစ်ရာကြာလျှင်ပင် မဖြစ်နိုင်ပါချေ။

လေလံပွဲစရန် အချိန်သုံးနာရီသာကျန်တော့သည့်အတွက် ကြည့်ရှုသူဦးရေက တစ်ဘီလီလျံအထိထိုးတက်လာခဲ့သည်။

မှန်သည်ပင်၊ ပေ့ချ်ကို အပြန်ပြန်လှန်လောပြီး အပျော်သဘောနှင့်ကြည့်ရန် ဝင်ရောက်လာသူများစွာရှိသော်လည်း ဤအရေအတွက်က ယွမ်ရှင်းကျဲက မက်ခါလောကတစ်ခုလုံးကိုသူ့အစွမ်းအစဖြင့်သူ အောင်မြင်စွာ ကိုင်လှုပ်နိုင်ခဲ့ကြောင်း သက်သေပြရန် လုံလောက်ပေ၏။

ကောင့်ဒေါင်း နာရီဝက်မျှသာ ကျန်ချိန်တွင် ကြည့်ရှုသူဦးရေက 1.5ဘီလီလျံကျော်သွားပြီး တရားဝင်ဝက်ဘ်ဆိုဒ်ထဲသို့ အင်တာနက်သုံးစွဲသူများ ပိုပို၍စုပြုံတိုးလာကြသည်။ လူတိုင်းက လေလံပွဲကို သူတို့မျက်လုံးများဖြင့် ကိုယ်တိုင် မျက်မြင်တွေ့လိုကြ၏။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now