ဂုဏ်ကျက်သရေနှင့်ချစ်ခြင်းမေတ္တာတို့က ဤအခိုက်အတန့်မှာ တစ်ခုနှင့်တစ်ခု ပနံသင့်နေခဲ့ကြလေသည်။

ဆုချီးမြင့်ပြီးနောကိ ပွဲစီစဥ်သူများက MVPစတင်ရွေးချယ်ကြ၏။

ဤဂုဏ်ပုဒ်ကို လော်ဝမ်ချွမ်း သို့မဟုတ်ယွမ်ရှင်းကျဲကို ပေးအပ်လိမ့်မည်ဟု လူတိုင်းထင်ကြေးပေးနေကြသည်။

အနှီနှစ်ယောက်၏လုပ်ဆောင်ချက်က ကောင်းလွန်းနေ၍ဖြစ်လောက်ပေမည်။ အစဥ်အမြဲ အလွန်အမင်းလျှင်မြန်စွာရွေးချယ်လေ့ရှိသော ပွဲဖြစ်မြောက်ရေးကော်မတီခမျာ ယခုအချိန်၌ ခက်ခဲသော ဦးနောက်စားသည့် ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရ၏။

သို့သော်လည်း အဆုံး၌ သူတို့အနေဖြင့် အဖြေတစ်ခုကိုပေးနိုင်ဆဲဖြစ်လေသည်။

အစီအစဥ်တင်ဆက်သူက အဖြေများကိုရပြီးနောက် မိုက်ခရိုဖုန်းကိုကိုင်ကာ ပရိသတ်များကို ကြေညာ၏။

"ပွဲဖြစ်မြောက်ရေးကော်မတီက ရွေးချယ်ပြီးတဲ့နောက်မှာ...ဒီနှစ် NCLMရဲ့MVPပြိုင်ပွဲဝင်ကတော့—"

ထိုစကားများကိုကြားရာတွင် လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲ၏လက်ကောက်ဝတ်လေးကို ဆုပ်ကိုင်လိုက်သည်။ သူက ခေါင်းလှည့်ကာ စကားမဆိုပါဘဲ နှုတ်ခမ်းထောင့်စွန်းများကိုသာ ပင့်လျက် ကြင်နာယုယမှုများပြည့်နေသောမျက်လုံးများဖြင့် သူ့ကိုကြည့်လိုက်၏။ ယွမ်ရှင်းကျဲကလည်း သူ့ကို ထပ်တူညီသောနွေးထွေးမှုများဖြင့် ပြန်ကြည့်လာသည်။

နှစ်ဦးသား တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည့်အခိုက်မှာပင် အစီအစဥ်တင်ဆက်သူ၏အသံက ထွက်ပေါ်လာ၏။

"ယွမ်ရှင်းကျဲနဲ့လော့ဝမ်ချွမ်းးးး... ဟုတ်ပါတယ်...နှစ်ယောက်ပါခမျာ..."

လူတိုင်း ဘာတွေဖြစ်ပျက်သွားမှန်း နားလည်နိုင်ကြပေသည်။

NCLMပြိုင်ပွဲ၏သမိုင်းမှာ ပထမဆုံးအကြိမ် MVPကို ပြိုင်ပွဲဝင်နှစ်ဦးအား တပြိုင်တည်း ချီးမြင့်ခြင်းဖြစ်၏။

သို့ရာတွင် ဘယ်သူကမှ ယင်းက မသင့်လျော်ဟုမထင်ကြပါချေ။

"သူတို့ထဲက တစ်ယောက်ဟာ ကွင်းထဲမှာ တည်ငြိမ်စွာ စွမ်းဆောင်ခဲ့ပြီး ရှင်းဟိုင်ကို အခက်အခဲဆုံးအချိန်တွေမှာ ဦးဆောင် ဖြတ်ကျော်ခဲ့ကာ ရှေးအကျဆုံးအလင်းဓါးမက်ခါနဲ့အတူ ကြီးမားတဲ့လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းကို ပြသခဲ့ပါတယ်ခင်ဗျာ"

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now