(၁၂) ညရောက်ရှိလာခြင်း

Start from the beginning
                                    

"ဒါက ဘာကြီးလဲ။ ဒီအဆောက်အဦးက ဘယ်ကနေ ရောက်လာတာလဲ။ ဘာအတွက်အသုံးပြုတာလဲ။" သူ့ထံမှ မေးခွန်းများ တစ်ခုပြီးတစ်ခု ထွက်ကျလာသည်။


အနီးဝန်းကျင်ရှိ ကစားသမားများကလည်း မရှင်းပြနိုင်ကြပေ။ မနက်ခင်း သူတို့ နိုးလာသည့် အချိန်၌ ၎င်းကို မြင့်ခဲ့ကြရပေသည်။


ယွင်လင် သိုလှောင်ရုံထဲမှ လျှောက်ထွက်လာသည်ကို မြင်သောအခါ ဝေ့ချင်က ထိုမေးခွန်းများကို တစ်ဖန် ထပ်မေးလိုက်သည်။ သူသည် ရှင်းမပြနိုင်စွာနှင့် ယွင်လင်က အဖြေကို သိလိမ့်မည်ဟု ခံစားမိခဲ့သည်။


"သေချာတဲ့အခြေအနေတစ်ခုနဲ့ တွေ့ခဲ့ရင် စခန်းက အဆင့်တက်သွားလိမ့်မယ်။" ယွင်လင်က ပြောလိုက်သည်။ "နောက်ပိုင်းမှာ အဆောက်အဦးတွေ ထပ်ပေါ်လာလိမ့်ဦးမယ်။ Level တိုးလာတာနဲ့ လုပ်ဆောင်နိုင်တဲ့ အခန်းကဏ္ဍတွေလည်း များလာလိမ့်မယ်။"


၎င်းက လိမ်ညာခြင်း မဟုတ်ပေ။ စခန်း၏ စနစ်က ထိုကဲ့သို့ပင် ဖြစ်သည်။ သူမက Beta အတောအတွင်း ကြုံခဲ့ဖူးပေသည်။


"ဘာအခြေအနေလဲ။" ဝေ့ချင်က မေးလိုက်သည်။


ယွင်လင်က ပြန်ဖြေလိုက်၏။ "နေထိုင်သူဦးရေ၊ အခွန်အခပေးဆောင်ရတဲ့ ပမာဏ၊ ပိုင်ဆိုင်တဲ့ငွေကြေး အဲဒီအချက်တွေအားလုံး အကျုံးဝင်တယ်။ လိုအပ်ချက်တွေ ပြည့်မီသွားတဲ့အခါ စနစ်က အလိုအလျောက် အဆင့်မြှင့်ပေးလိမ့်မယ်။"

ကစားသမားတစ်ယောက်က ရုတ်တရက် စိတ်လှုပ်ရှားစွာနှင့် ပြောလာသည်။ "စခန်းက အဆင့်တက်နိုင်တယ်ဆိုရင် ပန်းပဲဖို၊ အပ်ချုပ်ဆိုင်နဲ့ ဆေးဆိုင်လိုမျိုးတွေရော ရှိလာမှာလား။'


"ဖြစ်နိုင်ပါတယ်။" ယွင်လင်က မရေမရာ ဖြေလိုက်သည်။


သူမက နောက်ပိုင်းမှ သော့ဖွင့်နိုင်မည့် အဆောက်အဦးများအကြောင်း တွေးထားခြင်းမရှိပေ။

အခြားတစ်ဖက်တွင် ထိုအဆောက်အဦးများကို သော့ဖွင့်ပြီးနောက် ဆိုင်ဖွင့်ရန်အတွက် ရှင်သန်မှုစွမ်းရည်တွင် အရည်အချင်းရှိသည့် NPC ကို ငှားရမ်းရန် လိုအပ်သည်။

ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)Where stories live. Discover now