(၄) လွင့်မျောတိမ်လွှာစခန်း

211 29 25
                                    

Unicode

"ပြေး!" ကျန်းမင်ယွဲ့က သူ၏ ချစ်သူမိန်းကလေး ယို့ချင်းဝမ်ကို ဆွဲကာ အသက်ရှင်နိုင်ရန် ပြေးလွှားနေရသည်။

သူတို့က ကော်လာဖြူရုံးဝန်ထမ်းများ(လခစားဝန်ထမ်းများ) ဖြစ်ကြပြီး ယနေ့တွင် တက္ကသိုလ်အတန်းဖော်များနှင့် နေ့လယ်စာအတွက် ချိန်းဆိုထားကြခြင်း ဖြစ်သည်။ သို့သော် စားသောက်စရာများ စားပွဲပေါ် ရောက်လာသည့် အခိုက်အတန့်၌ တစ်မီတာခန့်မြင့်မားသည့် အစိမ်းရောင်အသားအရေနှင့် မွန်းစတားများ ပြေးဝင်လာလေသည်။

ထိုမွန်းစတားများ၏ ပါးစပ်များတွင် သွားချွန်ချွန်များအပြည့်နှင့် တင်းပုတ်များ ကိုင်ထားကြသည်။ သူတို့က ရင်ဆိုင်ရန် ခက်ခဲမည့်ပုံပေါ်ပေသည်။

သူ့တက္ကသိုလ် အတန်းဖော်များကြားမှ ဂိမ်းဖန်များက ထိုအစိမ်းရောင်မွန်းစတားများကို ကြည့်ပြီး ပျော်ရွှင်သွားကြသည်။ "ဒါ မှင်စာတွေ မဟုတ်ပါဘူးလား။ သူတို့ကိုကြည့်ရတာ တကယ် အစစ်နဲ့ တူတယ်။"


သူက အနားသို့သွားကာ ၎င်း၏ အဝတ်များကို မည်သည့်အရာနှင့် ပြုလုပ်ထားသလဲ သိရရန် ထိကြည့်ချင်နေသည်။


သို့သော် သူ အနီးသို့ရောက်သွားသည့်အခါ အစိမ်းရောင်မွန်းစတားက ၎င်း၏ တင်းပုတ်ကို မြှောက်၍ ခေါင်းအား ပြင်းထန်စွာ ထုရိုက်ချလိုက်သည်။


သူ့ တက္ကသိုလ်အတန်းဖော်က လဲကျသွားခဲ့ပြီး ချက်ချင်း အသက်ရှူရပ်သွားခဲ့၏။

ဧည့်သည်များက အလွန် အံ့အားသင့်သွားခဲ့ကြသည်။ "ဒါက သရုပ်ပြဖျော်ဖြေနေတာလား။ တကယ်လား။"


ဝိတ်တာလေးကလည်း အထိတ်တလန့်နှင့် ရဲကို ဖုန်းဆက်ခေါ်နေပြီး ဆိုင်ရှင်က ရှင်းပြရန် ကြိုးစားလာသည်။ "ကျွန်​တော်တို့ စီစဥ်ထားတာ မဟုတ်ပါဘူး။ ဘာတွေဖြစ်ကုန်တာလဲ ကျွန်တော်တို့လည်း မသိဘူး...."


သူ ရှင်းပြ၍ မပြီးခင် အစိမ်းရောင်မွန်းစတားများက သွားဖြဲကာ နောက်ထပ် ပစ်မှတ်အသစ်ကို စတင်ရှာဖွေတော့သည်။

ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)Where stories live. Discover now