(၁၀) ညရောက်ရှိလာခြင်း

152 25 4
                                    

Unicode

ကောင်းမွန်သည့် အရာများက အတွဲလိုက် လာတတ်သည်ဟု ပြောကြသလိုပင်။ သူမ တံဆိပ်ကို ရရှိပြီးနောက် သတ်ဖြတ်နိုင်ခဲ့သည့် မွန်းစတားတစ်ကောင်မှ အသုံးအဆောင်ပစ္စည်းတစ်ခု ချပေးခဲ့သည်။

[အမည် - မှင်စာလက်စွပ်]


အရည်အသွေး - သာမန်


အကျိုးသက်ရောက်မှု - ခွန်အား +2

ယွင်လင်က ပျော်ရွှင်သွားလေသည်။ "အခုဆို ပစ္စည်းတွေ သယ်ရတာ ပိုလွယ်သွားမှာပဲ။"

ယခုတွင် သူမထံ၌ ဝန်းဝိုင်းသည့်ဒိုင်း၊ ပိတ်ဖိနပ်၊ မြင့်မြတ်တံဆိပ်နှင့် မှင်စာလက်စွပ် အသုံးအဆောင် လေးခုရှိနေပြီ ဖြစ်သည်။ အသုံးအဆောင်ပစ္စည်းကဏ္ဍ ခြောက်ခုတွင် လေးခုကို အသုံးပြုပြီး ဖြစ်လေသည်။

ယွင်လင်သည် ကောင်းကင်က မှောင်မည်းလာသည်ကို မြင်သောအခါ ထပ်ပြီး လျှောက်မသွားရဲတော့ဘဲ ကျလာသည့်ပစ္စည်း (Drop Item) များကို သိမ်းဆည်းပြီးနောက် အမြန်ပြန်သွားတော့သည်။


လွင့်မျောတိမ်လွှာစခန်း။


ဝေ့ချင်က သူ့အိတ်ထဲမှ ကြေးနီပြားဆယ့်လေးပြား၊ လီနင်ပိတ်နှစ်စနှင့် သစ်သားတစ်ပိုင်းကို ထိခိုက်သည်။ သူက မည်သို့သော ညစာမျိုးနှင့် အလဲအလှယ် ပြုလုပ်နိုင်မည်လဲ တွက်ချက်နေသည်။

ကြက်ပေါင်ကတော့ အဆင်ပြေလိမ့်မည် မဟုတ်ပေ။

ပေါင်မုန့်အချို့ဆိုရင်ရော ဘယ်လိုလဲ။ ညကို တစ်ဝက်စားပြီး ကျန်တစ်ဝက်ကို မနက်ဖြန်မနက်စားနိုင်မည်လား။

ဝေ့ချင်က အထပ်ထပ်အခါခါ တွေးတောနေသည်။ သူက မဆုံးဖြတ်နိုင်ခင်မှာပင် အသိပေးချက်တစ်ခုက ရုတ်တရက် သူ့ရှေ့တွင် ထွက်ပေါ်လာသည်။ [မှောင်လာပါပြီ။ နေထိုင်သူ မဟုတ်သူများ စခန်းထဲမှာ နေခွင့်မရှိပါဘူး။ ကျေးဇူးပြုပြီး ငါးမိနစ်အတွင်း ထွက်ခွာပေးပါ။]


ဝေ့ချင် , "... ..."


စခန်းထဲမှာ တစ်ညတာနေရန် အခကြေးငွေ ပေးရသည်။ လောကကြီးထဲမှာ ကျိုးကြောင်းဆီလျော်တာရော ရှိသေးရဲ့လား။

ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)Where stories live. Discover now