"သူတို့က ဂိမ်းအရှုံးခံပြီး ရှင်းကျဲကို လက်စားချေဖို့ တော်တော်ဖြစ်နေကြတာနေမှာ..."

အမှန်တွင် နိုရာ၏အကြံက အလွန်ရိုးရှင်းလှသည်။ သူတို့က ကျားကိုတောင်ကနေမျှားခေါ်ချင်ရုံဖြစ်ပြီး အကာအကွယ် ခံတပ်၏တစ်စိတ်တစ်ပိုင်းကို စွန့်လွှတ်ကာ လူခြောက်ယောက်၏

စုပေါင်းအင်အားကို အသုံးပြု၍ ရှင်းကျဲကို သတ်ပြီးနောက် ကျန်သူများကို တိုက်ခိုက်မှာဖြစ်၏။

ယွမ်ရှင်းကျဲ၏မက်ခါအသစ်ဆီကနေ ထုတ်လွှတ်သော ခြိမ်းခြောက်မှုက သူတို့ကို ဤသို့အရဲကိုးရန်တွန်းအားပေးခဲ့သည်။

တစ်ဖက်တွင် လော့ဝမ်ချွမ်းလည်း တူညီသောအခြေအနေကို ကြုံတွေ့နေရ၏။

သူ့အသင်းဖော်များ၏အသံကို ကြိုပြီးကြားထားသည့်အတွက် သူ့ပြိုင်ဘက်က လမ်းဆုံကိုပိတ်ဆို့ပြီး ခုန်မတက်နိုင်ခင်လေးတွင် မြေဆွဲအားဆန့်ကျင်သည့်ကိရိယာကို ချက်ချင်းအသက်သွင်းလိုက်ပြီး ယွမ်ရှင်းကျဲရှိရာဘက်သို့ အပြေးသွားတော့သည်။

"ရှင်းရှင်း...တိုက်ပွဲကို အရင်ရှောင်သင့်တယ်"

လော့ဝမ်ချွမ်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။

"ကိုယ်အခုလာခဲ့မယ်"

ယွမ်ရှင်းကျဲက နိုရာ၏ကပ္ပတိန်ကို အနိုင်ကျင့်နေပြီး ကပ္ပတိန်က ပုန်းအောင်းနေသည်ကို မြင်သော်အခါ အရှုံးပေးရန်ငြင်းဆိုခဲ့သည်။

သူ့နှုတ်ခမ်းထောင့်စွန်းများကော့တက်လာခဲ့ပြီး လော့ဝမ်ချွမ်းကို တုံ့ပြန်လိုက်၏။

"မလိုဘူး...ကျွန်တော် ကိုင်တွယ်နိုင်တယ်"

ထိုအချိန်၌ နိုရာ၏ကပ္ပတိန်ကလည်း ပုန်းနေခြင်းကနေရပ်တန့်လိုက်ပြီး ယွမ်ရှင်းကျဲကို ထိတ်တိုက်ရင်ဆိုင်လာသည်။

ထို့နည်းတူစွာ မြေပုံပေါ်တွင် တခြား အနီစက်ငါးခုက ယွမ်ရှင်းကျဲဆီဦးတည်ရွေ့လျားနေသည်ကို ပရိတ်သတ်များ မြင်လိုက်ရပြီး ယင်းက အင်မတန်ရင်ဖိုစရာကောင်း၏။

ရှင်းဟိုင်ကလူများလည်း ဒုန်းဆိုင်းလာနေကြပြီဖြစ်သော်ငြား ကွေ့ပတ်သွားနေရသည့်အတွက် အခြေအနေက သိပ်မကောင်းလှပေ။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now