"တခြားကမ္ဘာက အဝေးထိန်းအကာအကွယ်"

ထူထဲများပြားသော အမြောက်ဆံတအုံတခဲက အလင်းဓားအကာအကွယ်ပေါ်ကျရောက်လာသော်လည်း ယင်းကွန်ယက်ကို အနည်းငယ်မျှပင် မဖျက်ဆီးနိုင်ခဲ့ပေ။

နိုရာ၏ပြိုင်ပွဲဝင်များ တစုတဝေးတည်း အံဩတုန်လှုပ်ကုန်ကြသည်။

အချိန်အတော်ကြာပြီးနောက် ပြိုင်ဘက်ကြယ်ပျံမက်ခါမောင်းနှင်းသူတစ်ဦးက တုန်တုန်ရီရီဖြင့် မေးလိုက်၏။

"ဒီမက်ခါ...SSSအဆင့်ရောက်နေမှာစိုးရတယ်"

နိုရာ၏မုန်တိုင်းမက်ခါမောင်းနှင်သူက ချက်ချင်း ပြန်ပက်လေသည်။

"မဖြစ်နိုင်ဘူး... အင်ပါယာတစ်ခုလုံးမှာ SSSမက်ခါဘယ်နှစ်စီးရှိလို့လဲ...အလွန်ဆုံးမှ SS+ပဲနေမယ်...လန့်မနေစမ်းနဲ့...မက်ခါသုတေသနအဖွဲ့အစည်းက ဒီကလေးကို အဆင့်မြင့်နည်းပညာတချို့ပံ့ပိုးပေးထားတာပဲဖြစ်ရမယ်...ငါတို့နိုင်ချေရှိနေတုန်းပဲ..."

အခြားတစ်ဖက်တွင် ဘဝင်ခိုက်နေသောပရိသတ်များက ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြ၏။

"ဒါက..."

ပရိတ်သတ်နေရာမှ ကျင်းရွှမ် ယင်းမြင်ကွင်းကိုစိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်လာခဲ့သည်။

"ဒါဘယ်လိုဖြစ်သွားတာလဲ"

မက်ခါအသစ်၏ ဒီဇိုင်းကို သုတေသနအဖွဲ့အစည်းမှာ အပြီးသတ်ပြီးပြီဖြစ်သော်လည်း ယွမ်ရှင်းကျဲ ဤအကွက်ကို အရင်တုန်းကတစ်ခါမှထုတ်မပြဖူးချေ။

ယင်းက သူတည်ဆောက်ထားသည့်မက်ခါနှင့် အကျွမ်းဝင်လွန်း၍ နည်းနည်းလေးမှ စမ်းသပ်စရာမလိုသကဲ့သို့ပင်။

ချန်ယွမ်က တိုက်ရိုက်ထုတ်လွှင်မှုဖန်သားပြင်ကို အကြာကြီးစိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် ပြောလေသည်။

.

"ဒါက အလင်းဓားကထုတ်လွှင့်လိုက်တဲ့အမှုန်တွေကနေဖြစ်တည်လာတဲ့ သံလိုက်စက်ကွင်းနဲ့လုပ်ထားတာ...လေထဲမှာ စူပါမြန်နှုန်းမြင်မြင့်နဲ့ရွေ့လျားပြီး မဖျက်ဆီးနိုင်တဲ့အမှုန်ဒိုင်းတစ်ခုဖွဲ့စည်းလိုက်တာ..."

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Où les histoires vivent. Découvrez maintenant