>>>>>>>>>>>>>>>>>>>>>>

''နင်က Park Jimin လား''

Hoseok နဲ့နှစ်ယောက်ထဲ ကော်ဖီသောက်နေတုန်း မိန်းကလေးတစ်ဦးအနားရောက်လာကာ တင်တင်စီးစီးအမေးခံလိုက်ရသည်။

''ဟုတ်ပါတယ် ထိုင်ဦးလေ''

''ထိုင်ဖို့လာတာမဟုတ်ဘူး ရှင်းဖို့လာတာ''

သူ့ဘက်ကသာ ယဥ်ယဥ်ကျေးကျေး ထိုင်ရန် ဟန်ပြုလိုက်သော်လည်း တစ်ဖက်ကစကားက သူ့အတွက် မှင်သက်မိသည်။တစ်ခါမှမဆုံဖူးခဲ့လေသော သူမက သူ့အား ဘာများရှင်းချင်တာပါလိမ့်။

''မင်းကို ကိုယ်မသိဘူး ဒါကြောင့် မင်းနဲ့ကိုယ့်ကြားမှာရှင်းစရာကိစ္စကရှိလို့လား''

''သိပ်ရှိတယ် Jung Kookက တို့အပိုင်မို့ Park Jiminက နောက်ဆုတ်လိုက်ပါ''

သူမရဲ့စကားအဆုံး သူတောင်မသိလိုက်ပါပဲ မတ်တပ်ရပ်မိသွားသည်။စကားကဘယ်လိုအဓိပ္ပါယ်သက်ရောက်လည်းသူသိပါသည်။

''ကိုယ်က Jung Kookကို အတင်းကပ်နေတာမဟုတ်လို့ နောက်ဆုတ်ခြင်းဆိုတာလည်း ကိုယ့်မှာရှိလာမှာမဟုတ်ဘူး''

''ယောက်ျားအချင်းချင်းကြိုက်တာက အခုခေတ်မှာ ဟစ်ထနေပေမယ့် ကြည့်မကောင်းဘူး Park Jimin Junk Kookက မိန်းကလေးတွေပဲ သဘောကျတာ''

''သူ မိန်းကလေး ကို သဘောကျတယ်ဆိုရင်လည်း သူ့ကိုသွားပြောလိုက်ပါ ကိုယ့်ကိုလာမချစ်ဖို့''

''ဟ သူကမချစ်ဘူး Park Jimin ကစိတ်ကူးယဥ်နေတာပဲ''

''မင်းဒီကိစ္စက ကိုယ်နဲ့ရှင်းရမှာမဟုတ်ပဲ သူနဲ့ရှင်းရမှာ သူက မင်းအပိုင်ဆိုရင်လည်း သိမ်းထားလိုက်လေ... Hoseok ပြန်ရအောင် ကော်ဖီတွေက သိပ်အေးနေပီမို့ မသောက်ချင်တော့ဘူး''

ပူပူလောင်လောင်ကော်ဖီတစ်ခွက်ကို အေးစက်နေပြီဟု Park Jiminက ဘယ်လိုများ မြင်လိုက်တာပါလိမ့်။

ရှေ့မှထွက်သွားသူက တည်ငြိမ်နေခဲ့ပေမယ့် ကျန်ခဲ့သူမိန်းကလေးကဆွေ့ဆွေ့ခုန်ကျန်ခဲ့လေသည်။
သူမအရမ်းသဘောကျရသော Jung Kookကတောင် Park Jiminလောက်မခါချတတ်။အနေအေးတဲ့Park Jiminကို အထင်သေးမိတာ အရမ်းမှားလေခြင်း။

Light on meWhere stories live. Discover now