သူစွဲလမ်းရတဲ့ သွေးသားကိုဝမ်းထဲထည့်ပြီး ဘယ်လောက်များ
ပျော်နေလိုက်လေမလဲ...ဟူး...ယခုတော့။

ထုံးစံအတိုင်း လူကိုမကြည့်ကြည့်ကာ မျက်စောင်းပါထိုး၍
သမီးလေးကို မေမေ့ဆီအပ်လိုက်ရင်း အခန်းထဲ သူနဲ့မေမေနဲ့
ပဲရှိသည်ဟုထင်လားမသိ လူကိုတစ်စက်မှပင်အရေးမလုပ်ပဲ
လျစ်လျူရှုခြင်းကို ခံလိုက်ရလေသည်။

"ဘယ်သွားမလို့လဲ အမိန့်"

"ရန်ကင်း"

"အရှင်ကော အမိန့်ကိုဘာမှာဦးမလဲ"

ဟု မေမေက အရှင့်ဘက်လှည့်၍ မေးလိုက်ပေမဲ့ ရိုးခေါင်းကို
သာတွင်တွင်ခါရင်း ငြင်းပယ်လိုက်ပါ၏။

"ဟင့်အင်း"

"လိုချင်တာရှိရင်ပြောနော်အရှင်...မေမေ့ကိုမပြောချင်ရင်အမိန့်ကိုပြောပေါ့...ကိုယ့်ယောက်ျားပဲကွယ်...ဘာရှက်စရာရှိလို့"

"ဟုတ်ကဲ့...မေမေ"

"သွားတော့မယ်"

"ခဏလေးသား....အပြန်ကျရင် ဘွားကြိုက်တဲ့ မြောင်းမြမုန့်
ဟင်းခါးလေးဝယ်ခဲ့ပါဦး...မနေ့ကပဲ စားချင်တယ်ပြောနေတာ
ရန်ကင်းဘက်မှာ ရောင်းတယ်"

အမိန့်ခေါင်းညိမ့်ပြီး အခန်းထဲက ထွက်ရန်အပြု နို့တိုက်ဖို့လုပ်
နေတဲ့ ရိုးကို ခေါင်းစောင်း၍ မျက်မှောင်ကြုတ်ကာ သိချင်ဇော
ဖြင့် ပြန်ငဲ့ကြည့်နေလေ၏။

မေမေက အရှေ့က ခန္ဓာကိုယ်နဲ့ကာထားတာကြောင့် သေချာ
မမြင်ရ...ဘာလို့များ ကလေးနို့တိုက်တာ ခိုးကြောင်ခိုးဝှက်
လုပ်နေပြန်တာလဲ။

"ဟဲ့သား...သွားမယ်ဆို"

"သြော်...အင်းသွားမယ်...အကျီသွားလဲဦးမယ်"

"အေးအေး...ဂရုစိုက်သွားဦး"

ဟူးးး...အမိန့်ထွက်သွားမှသာ ယောက္ခမနဲ့သူနှစ်ယောက်လုံး
သက်ပြင်းချနိင်လေ၏။ အမိန့်က တကယ့်မလွယ်ကြော..ဒီ
ပုံစံအတိုင်းဆို အမြန်ဆုံးသိမှာပါပင်။

"တော်သေးတာပေါ့...အဲ့ကလေးက လူလည်လေး"

"အရှင်ဖြင့် ရင်ကိုတုန်ကောပဲ"

"ဟုတ်ပါ့ကွယ်...ဆုလဲ့လေးအိပ်ရင် အရှင်နားတော့လေ"

"မေမေလည်း အနားယူတော့လေ...နေပူတော့ ချွေးသိပ့်နေ
မှာပေါ့"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now