အပိုင်း ၁၇

Začít od začátku
                                    

"စားပြီးပြီဗျ ကျွန်တော့်ကိုလဲရတုလို့ပဲခေါ်ပါဗျာကျွန်တော်အကြောင်းစုံသိပြီးပြီဆိုတော့"

"ဪ ကောင်းပါပြီဗျ"

"ဟုတ် ဒါနဲ့ကိုသွေးသစ်ရောမပါဘူးလားဗျ"

"အင်းဟုတ်တယ်ညီလေး ပြပွဲအတွက်ဓာတ်ပုံတွေသွားအပ်တယ်လေ"

"ကျွန်တော့်ကိုအဲ့နေရာရဲ့လိပ်စာပေးလို့ရမလားဗျ"

"ဗျာ ဪကွန်း ဟုတ်ပေးလို့ရပါတယ်ဗျ"

"ဟုတ်ကျေးဇူးပါ"

"မင်းကကိုသွေးသစ်နဲ့ဘာကိစ္စရှိလို့လဲကွ"

"ပြောစရာလားမင်းလို စ သုံးလုံးကို"

"ဒီဖေ..."

"စိတ်လျှော့ပါဗျာ"သူခန့်ကရယ်ချင်စိတ်ကိုထိန်းရင်ဝင်ထိန်းလိုက်လေသည်။

"*****မှာပါဗျ တကယ်လို့မသွားတတ်ရင်ဝန်ထမ်းတစ်ယောက်ယောက်ကိုလိုက်ပို့ပေးရမလားဗျ"

"နေပါစေဗျ ရပါတယ်အဲ့‌ေနရာဆိုအရင်ခါသူ့အိမ်သွားတဲ့လမ်းတုန်းကတွေ့ခဲ့ရတဲ့နေရာမလားဗျ"

"ဟုတ်ပါတယ်ဗျ"

"ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး"

"ဟုတ်ကဲ့ပါဗျ"

"ဟေ့ကောင် အပြန်ကြငါ့ဖို့မုန့်ဝယ်ခဲ့နော်"

"အေးအေး ငါ့သား"
ကွန်းကရွှတ်နောက်နောက်နဲ့ပြန်ဖြေလေသည်။

"ဟုတ်အဖေ"
ရတုကလဲအတည်ပေါက်နဲ့ပြန်ဖြေသည်။သူခန့်တော့ဒီနှစ်ယောက်နဲ့တင်ရယ်နေရလေသည်။ကွန်းကရုပ်တည်ကြီးနဲ့လဲနောက်တတ်သားပဲ။

"ကွန်းကရုပ်တည်နဲ့လဲနောက်တတ်တာပဲနော် ဉာဏ်ကလဲကောင်းလိုက်တာလွန်ရောတစ်ခါပဲရောက်ဖူးလိုက်တာကိုမှတ်မိနေတယ်"

"ဟုတ်တယ်ဗျ အဲတာကြောင့်လဲကျောင်းမှာဆိုစာနဲ့ပတ်သတ်ရင်ပြိုင်ဖက်ကင်းလေ Uniမှာလဲuniအလျောက်ထူးချွန်တယ်။ရုပ်တည်နဲ့နောက်တတ်တာကတော့ဒီကောင်ရဲ့အကျင့်တစ်မျိူးပေါ့ဗျာ"

"ဪ တော်လိုက်တာနော်"

"ဟုတ်ပါ့ဗျာ"
_____________________________
"ကိုစိုး ကျွန်တော်ဒီဟာတွေကိုအကြမ်းဖျင်းပြပြီးဒီငါးပုံကိုတော့သေချာလေးလုပ်စေချင်တယ်ဗျ"

ပုဂံမြေကိုတိုင်တည်၍Kde žijí příběhy. Začni objevovat