International Play Boy Mg_32

Start from the beginning
                                    

ဟူးးးးးးးး

ထုတ်ချမိပါသော လေတစ်ချက်

.........

Jungkookသုံးရက်လုံးလုံး အရိပ်တောင်မပြဘဲ အဝေးကသာ Kim Taehyungတို့ကို ကြည့်နေလေသည်။

သိပ်ပိုင်ဆိုင်ချင်ပေမဲ့ သူအခြေအနေနဲ့အချိန်အခါကိုစောင့်သင့်တယ်မဟုတ်လား။

သူ့လူကလေ သိပ်ကိုမြတ်နိုးဖွယ်ရာပင်။
ယောင်္ကျားလေးတစ်ယောက်အနေနဲ့ ထိုလူဟာ သိပ်လှလွန်းသည်။။
မဟုတ်ဘူး။
မိန်းကလေးတွေနဲ့ ယှဉ်ရင်တောင် သူ့လူမရှုံး။

ကြည့်ရင်း လောဘစိတ်ဖြစ်မိသည်။

ချစ်လိုက်ဝာာ မောင့်အချစ်ရယ်။

လရောင်အောက်မှာ အတွေးများစွာနဲ့ ငြိမ်သက်နေတဲ့ အမျိုးသားတစ်ယောက်နဲ့ ထိုအမျိုးသားကိုငေးမောနေသော ‌အမျိုးသားတစ်ယောက်။

.........

" Taetae ငါက သားငယ်ကိုခေါ်သွားမှာနော် "

Mochiက အရင်ပြန်နှင့်မယ်ဆိုသည့်အပြင် သားကိုပါခေါ်သွားမည်တဲ့။
သူတကယ်မထည့်လိုက်ချင်ပေမဲ့ သားငယ်လေးမျက်နှာကိုကြည့်မိတော့ သားက Mochiနဲ့ လိုက်သွားချင်ဟန်။

" အွန်းပါကွာ ဂရုစိုက်ပေးနော် "

‌အဲကျမှ Mochiက ပြုံးကာ

" စိတ်ချပါကွာ ဟီ" "

Taehyungပြုံးသာနေမိတော့သည်။
သူတကယ်ကို ဘာမှမလုပ်နိုင်ပါလား။

Mochiနဲ့သားကို Yoongi Hyungက တကူးတကလာကြိုပေးရှာသည်။

နယ်သာလန်ကပြန်လာကတည်းက သားနဲ့ သူနဲ့က ဝေးကွာသွားသလို့ပင်။

သားကလေ အမှတ်သည်းခြေသိပ်ကြီးတာ။
Bogum Hyungနဲ့ ကိစ္စကို သားကိုအမြဲမမှတ်မိစေချင်ဘူး။

ဒါပေမဲ့လည်း သားဆိုတဲ့ကလေးက သူ့ဖေဖေကိုသိပ်ချစ်သည်မလား။

ထားလိုက်တော့ Taehyung
ဖြစ်ပြီးတာတွေ ဖြစ်ပြီးပြီ သားက ကလေးပါ။
အမြဲမှတ်မိပါ့မလား။
ပြီးတော့ မင်းကသူ့‌အဖေလေ။
နောက်မှ သားကိုအချိန်ပေးချော့လိုက်မယ်။

Taehyungစိတ်ထဲက‌နေ ကိုယ်ကိုကိုယ်ပြောကာ နှစ်သိမ့်လိုက်မိသည်။

International Play Boy MgWhere stories live. Discover now