"အကို seokieဒီနေ့မေမေ့ဆီကိုသွားမလို့ "
အကိုသူ့အသံကြားတော့မော့ကြည့်လာတယ် ။
"အကို့ကိုခွင့်တောင်းတာပါ "
"မင်းဘာသာဘယ်သွား²ဘယ်သူနဲ့ေတွ့²
ငါစိတ်မဝင်စားဘူး ဒါနဲ့နေပါအုံး အမေကိုသွားတွေ့တာဆိုပြီး
နောက်တစ်ယောက်တော့တွေ့နေတာ မဟုတ်ပါဘူးနော် ဟက်""..."
"မမေ့နေနဲ့မင်းက ငါ့အပိုင်ပစ္စည်းဆိုတာ
သွားတော့မင်းမျက်နာ ငါမမြင်ချင်တော့ဘူး""ဟုတ် အကို"
အကိုရယ် ကျွန်တော့်ကို ဘယ်လောက်ထိတောင်အထင်သေးနေတာလဲ။
ကျွန်တော်က အကိုရှင်ဆိုရှင်သေဆိုသေမဲ့ကောင်ပါ။
ကျွန်တော့်ရဲ့ကံကြမ္မာကိုပြန်ပြင်လို့ရရင်ပြန်ပြင်ချင်ပါတယ်။
အကိုရဲ့နှလုံးသားပိုင်ရှင်အဖြစ်။~~~~~~~~
မေမေ့အခန်းရောက်တော့ ဆေးသွင်းထားတာကြောင့်
မေမေကအိပ်နေသည်။ သူတို့မိသားစုက လောကရဲ့
ဒဏ်ခက်တာကိုခံနေရတာပါပဲ။မေမေ့ကနှလုံးရောဂါနဲ့
စိုရိမ်နေရတဲ့အခြေအနေ ဖေဖေကတော့အရက်သမား
လုံးလုံးဖြစ်ကာ သူ့ရဲ့မိဘတွေရှိစဉ်အခါကနေခဲ့တဲ့နယ်ဘက်ကို
ပြန်သွားသည်လို့သတင်းကြားသည်။အဲ့တာလည်းကောင်းပါ
တယ် မေမေသာဖေဖေ့ရဲ့အခုပုံစံကိုမြင်ရင် ရောဂါပိုတက်နေ
မှာ။ခုတင်ဘေးနားမှာထိုင်ကာမေမေ့ရဲ့ရှည်နေပြီဖြစ်တဲ့
ခြေသည်းလက်သည်းလေးတွေကို ထိုင်ညှပ်ပေးနေလိုက်တယ်"seokie လေးရောက်နေတာလား"
"ဟုတ်မေမေ seokieဒီနေ့မေမေစားနေကြဆိုင်က
မုန့်စွတ်ပြုတ်ဝယ်လာခဲ့တယ် သားထည့်ပေးမယ် ပူနေတုန်းပဲမလို့အခုစားလိုက်နော်""ဟုတ်ပါပြီ"
~~~~~~~~~~
မနက်၁နာရီတောင်ထိုးတော့မယ် အကိုကပြန်မရောက်
လာသေး။ မိုးရွာတာကလည်း လေပါပါသည်။ အကို့သူငယ်ချင်းမွေးနေ့မလို့ ရုံးပြန်လာကတည်းက ရေမိုးချိုးထွက်သွားတာ အခုထိပြန်မလာသေး။ဖုန်းလည်းမခေါ်ရဲပါ သူခေါ်ရင်ကောဘယ်တုန်းကကိုင်ဖူးလို့
လဲ။
![](https://img.wattpad.com/cover/347348726-288-k986791.jpg)
Episode-2
Start from the beginning