Episode-2

266 36 9
                                    

[Unicode]

မနက်ကတည်းက ခြံထဲမှာရိတ်ထားတဲ့မြက်ပင်တွေကို
ရှင်းလင်း ပန်းပင်တွေကိုရေ‌လောင်း ကားရေဆေး ပန်းအိုးတွေကိုနေရာချ နောက် အကိုကသူ့အဝတ်အစား
တွေကို အဝတ်လျှော်စက်နဲ့လျှော်ရင် လုံးဝသဘောမကျဘူး။
အဲ့တာကြောင့်အမြဲလက်နဲ့လျှော်ရသည်။
Hoseokလို ရွှေလင်ဗန်းနဲ့အချင်းဆေးလာတဲ့သူ့အတွက်
အရမ်းပင်ပန်းရပါသည်။ ဒါပေမဲ့သူဟာအခုမတူတော့ အခုချိန်မှာ အကိုရဲ့အိမ်တောင်ဖက်ဖြစ်နေပြီ အကိုရဲ့အရာအားလုံးကိုသူဘယ်လောက်ပင်ပန်းနေပါစေ လုပ်ပေးနိုင်သည်။

အဝတ်တွေလျှော်ပြီးတာနဲ့သေချာခါလှန်းထားပြီး
မီးဖိုချောင်ကိုပြေးရသည်။ ဒီနေ့က အကို့အလုပ်ပိတ်ရက်မလို့အိမ်တွင်အကိုရှိသည်။အကိုကဟိုတစ်နေ့ကတည်း
ကသူ့ကို ထမင်းဟင်းမချက်ခိုင်းတော့ချေ။ အကြောင်းကတော့ သူ့လက်နဲ့လုပ်ထားတာမစားချင်လို့ပါတဲ့။ ဒါပေမဲ့လည်းသူကိုက ပေကပ်ပြီးမချက်ပေးရရင်တောင်အဒေါ်ကြီးကိုဝိုင်းကူပေးမိသည်။ သူအကိုထမင်းစားပြီးရင်ခွင့်တောင်းစရာ
ကလည်း‌ရှိသေးသည်။ဒီနေ့မေမေ့ကိုဆေးရုံမှာသွားကြည့်ပြီးသူစားချင်တာလေတွေဝယ်ကျွေးမလို့ပေ။သူချက်ပေချင်ပေမဲ့ သူလက်ရာမကောင်းတာမို့မေမေခံတွင်းမတွေ့မှာစိုးရိမ်သည်။အဲ့တာမို့ မေမေစားနေကျဆိုင်ကလေးကသာဝယ်ပြီးယူသွားမည်ဟုတွေးမိသည်။ထမင်းစားချိန်နီးလာတော့အဒေါ်ကြီးချင်
ပေးထားတာတွေကို ပန်းကန်ထဲသေချာထည့်ပြီး ထမင်းစာပွဲခုံပေါ်စီထားလိုက်သည်။

"အဒေါ်သားရေသွားချိုးလိုက်အုံးမယ် ပြီးရင်မေမေ့ဆီကိုသွားမလို့ အကို့ကိုလည်းခွင့်တောင်းရအုံးမယ်"

"ဟုတ်လား ဒါဆိုသွားချိုးတော့သား seokie"

"ဟုတ်ကဲ့"

အကိုကအချိန်ကျ‌တော့သူ့စာကြည့်ခန်းကနေ
ထမင်းစားခန်းထဲကိုဝင်လာသည်။ သူကအကိုမစားချင်ကတည်းက ပြင်ဆင်ပေးပြီးတာနဲ့ရေချိုး
ရန်ထွက်သွားတာဖြစ်သည်။ ရေအမြန်ချိုးပြီးထွက်လာတော့
အကိုကစားပြီးပြီး ဒါနဲ့ပဲသူနားကိုသွားပြီးခွင့်တောင်းလိုက်သည်။

Rewrite The Stars [Vope]Where stories live. Discover now