ရှင်းဟိုင်နှင့်ယှဥ်ပါက နိုရာအသင်း၏အဖွဲ့သားများမှာ စိတ်ဖိစီးလာကြ၏။

သိသိသာသာကို သူတို့ကသုံးမှတ် အသာရနေပါသော်လည်း သူတို့က သုံးမှတ်နောက်ကောက်ကျနေသလိုမျိုး လေထုက လေးလံနေသည်။

နိုရာ၏နည်းပြအနေဖြင့် အံကြိတ်ကာဖြင့် သူတို့ကိုနှစ်သိမ့်ပေးရုံသာတတ်နိုင်လေ၏။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ပြိုင်ပွဲကိုနိုင်ရမယ်...ယွမ်ရှင်းကျဲရဲ့မက်ခါက စက္ကူကျားသက်သက်ပါကွာ...အဲဲ့ဒါက တိုက်ပွဲရဲ့အရှိန်ကို ပြောင်းလဲနိုင်မှာမလို့လား..."

မိနစ်အနည်းငယ်အကြာတွင် ပြိုင်ပွဲက တရားဝင် စတင်လေပြီ။

6vs6ထိုးစစ်နှင့် ခံစစ်ပြိုင်ပွဲ၏စည်းမျဥ်းများက ရှုပ်ထွေးခြင်းမရှိပေ။

ပထမဆုံး အသင်းနှစ်သင်းဟာ ပြိုင်ပွဲမစမီမဲနှိုက်ပြီး ထိုးစစ်နှင့် ခံစစ်အဖြင့် နှစ်ပိုင်းခွဲရမည်ဖြစ်၏။

ပြိုင်ပွဲကွင်းပြင်ထဲတွင် စုစုပေါင်း"အမာခံနယ်မြေ"သုံးခုရှိပြီး တိုက်ခိုက်သူနှင့် ခုခံသူများက

အမာခံနယ်မြေများ၏ဝန်းကျင်မှာ ထိုးစစ်နှင့်ခံစစ်တိုက်ပွဲများကို သုံးချီ တိုက်ခိုက်ရမှာဖြစ်လေသည်။

အမာခံနယ်မြေတိုင်း၏ အလယ်ဗဟိုတွင် စစ်မီးတိုင်တစ်ခုစီရှိ၏။ စစ်မီးတိုင်များက အစပိုင်းမှာ ခံစစ်အသင်း၏ ရောင်ခြယ်ရောင်ခြည်တန်းနှင့်အတူ ထွန်းလင်းလာလိမ့်ပေမည်။

ထိုးစစ်သမားက စစ်မီးတိုင်၏ခလုတ်ကို အနှောက်အယှက်မရှိ မိနစ်ဝက်အကြာ ကိုင်ထားနိုင်မှ စစ်မီးတိုင်၏ရောင်ခြည်တန်းကို ထိုးစစ်သမား၏ရောင်ခြည်တန်းနှင့် အစားထိုးမည်ဖြစ်ပြီး ထိုးစစ်သမားက ထိုဟာကိုအောင်မြင်စွာ သိမ်းယူနိုင်သွားပြီဟုလည်း အဓိပ္ပါယ်ရလေသည်။

အမာခံနယ်မြေတိုက်ပွဲတိုင်းက မိနစ်20သာကြာမည်ဖြစ်၏။ ထိုးစစ်သမားက အမာခံနယ်မြေကို ကြိုပြီးသိမ်းပိုက်နိုင်ပါက ကျန်ရှိသည့် အချိန်ဟာ နောက်တစ်ချီထဲပေါင်းထည့်မည်ဖြစ်ကာ စုစုပေါင်းက မိနစ်60ဖြစ်ပေသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now