• Blue Side • 🌀

En başından başla
                                    

ထိုခေတ်က အဖြူအမည်းခေတ် ၊၊
ကြိုးဖုန်း ၊ ရေဒီယို ၊ တယ်လီဗီးရှင်း
ထိုခေတ်ပေါ် ပစ္စည်းများကိုပဲ အသားပေးသုံးဆွဲ
သောခေတ်သာ ရှိသေးသည်၊၊ ယခုလေ့လာရေး ခရီးတွင်အမျိုးသမီးများ မပါ ၊၊ ထိုမိန်းကလေးများသည်တောထဲ တောင်ထဲမို့ မလိုက်ချင်ဘူး ငြင်းကြသည်မို့ ဤ ခရီးတွင် သူတို့ တက္ကသိုလ် မှ
ယောင်္ကျားလေးများပင် ပါဝင်ကြသည်၊၊

••• 🌀🌀🌀

ထို့နောက် အချိန်အတော်ကြာ မောင်းနှင်ပြီးနောက်လေ့လာရေး လုပ်ရမဲ့ တော၏ အဝင်အဝသို့ရောက်လာကြသည်၊၊ လေးညအိပ် ငါးရက်ခရီးမို့ရက်ပြည့်မှ ပြန်လာခေါ်ရန် ကားဆရာဦးလေးကြီးအား ပြောလိုက်သည်၊၊ ကြည့်ကြပ်ပေးမည့် ဆရာ၊ဆရာမတွေလည်း မပါခဲ့ပါဘူး ၊၊ ဒီခရီးက သူတို့သွားချင်လို့ သူတို့ဘာသာ စီစဥ်ခဲ့ခြင်းသာ ...

ဆရာမ များက ထိုတောထဲ ခရီးထွက်ရန် အစီအ
စဉ် အား အစကတည်း ဖျက်သိမ်းချင်ခဲ့တာ ၊၊
သို့ပေမဲ့ သူတို့ကတော့ ဇွတ်တိုး၍ လာခဲ့ကြသည်၊၊ထိုထဲတွင် ကင်မ်ဆော့ဂျင် ဆိုသည့် ကျောင်းသားဟာ ခေါင်းဆောင် ... ၊၊

" ဒီတစ်ညတော့ ဒီနေရာပဲ အိပ်လိုက်ကြမလား ၊၊
မိုးလင်းမှ တောထဲ ဝင်ရအောင် ၊၊ "

" ဆော့ဂျင် ပြောသလိုပဲ လုပ်ကြတာပေါ့
ဒီညတော့ ဒီနေရာမှာပဲ အိပ်ကြမယ်၊၊ "

လက်နှိပ်ဓာတ်မီး ကိုယ်စီနှင့် သယ်ယူလာသော
ပစ္စည်းများအား နေရာချကာ အနားယူဖို့ မြေပေါ်
တွင်ပဲ ရွက်ဖျင်တဲ လေးများ ထိုးကြသည်၊၊
ထင်းရှာကာ မီးမွှေးပြီး အလင်းရအောင်လည်း
ဆောင်ကျဥ်းလိုက်ကြသည်၊၊ ထို့နောက် သူတို့၏
အလုပ်တွေ ပြီးမြောက်သွားပြီးနောက် ပါလာသောစားနပ်ရိက္ခာ များအား ဝေမျှကာ နေနိုင်ရုံ တမယ်စားသောက်ပြီး အလှည့်ကျ ကင်းလှည့်ကာ သူတို့အိပ်စက်ခဲ့ကြသည်၊၊

••• 🌀🌀🌀

မနက်လင်းတော့ စူးစမ်းကြည့်ချင်နေသည့် အရာတွေ အတွက် စိတ်ထဲက အားအင်အပြည့် ၊၊
သူများတွေထက် စောကာ သူနိုးနေသည် ၊၊
စာတစ်စောင် ရေးခဲ့ကာ အရင်ဆုံး ထွက်ဖို့ စိတ်ထဲတွေးလိုက်သည်၊၊ ဟုတ်တယ် သူတောထဲကိုပဲ
ဝင်ချင်နေတယ် ၊၊ တောတွင်း တစ်နေမှာ သူ့ကို
တစ်ခုခုက စောင့်နေလိမ့်မယ်လည်း သူထင်တယ်၊၊

KOOKJIN ONE SHOT COLLECTION Hikayelerin yaşadığı yer. Şimdi keşfedin