သဘောကတော့ သူလိမ်ထားတာမရှိလို့ ဘာမှ
အမှန်ပြောစရာမလိုပါဘူးပေါ့ ။

" ဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းနေရတာလဲ
ကောရဲ့ ကြာရင်ကျွန်တော် ကောကိုချစ်လွန်းလို့
ရူးတော့မယ်ထင်တယ် "

" ဒါကတော့မွေးတည်းကသူ့ဘာသာ
ဖြစ်လာတာလေငါလဲမသိဘူး "

အရှေ့က ကျန်းဟာအိုလေးရဲ့အသည်းယားစဖွယ်
စကားလေးကြောင့် ဆောင်းဟန်ဘင်းက
သူ့ရဲ့နှာခေါင်းလေး ကျန်းဟာအိုပါးတွေထဲ
မြုပ်သွားသည်အထိ နမ်းမိတော့သည် ။

" မင်းနမ်းပဲနမ်းနေတော့မှာလား ကုမ္ပဏီ
သွားရဦးမယ်လေ "

" ကော ကအရမ်းချောနေတော့တစ်ခြားသူတွေ
မမြင်ရအောင်တစ်ရက်လောက်ဖွက်ထားချင်လို့
မသွားချင်တော့ဘူး "

" တကယ်မသွားတော့ဖူးလား မင်းပဲသွားချင်တယ်ဆို "

ဆောင်းဟန်ဘင်းကဘာမှမဆို သူ့ရဲ့နှာခေါင်းကို
ကျန်းဟာအိုရဲ့လည်ပင်းမှာထိကပ်ထားပြီး
လည်ပင်းကို ဖြည်းဖြည်းလေးသာနမ်းရှိုက်နေခဲ့သည် ။

" တကယ်မသွားတော့ဖူးလားလို့ "

ကျန်းဟာအိုအမေးကို ဆောင်းဟန်ဘင်းက
မဖြေသေးဘဲ ကျန်းဟာအိုရဲ့လည်ပင်းကို
နှုတ်ခမ်းတွေနဲ့ပါ နမ်းလာကာ အနည်းငယ်
ဆိုစွတ်လာတဲ့အထိအတွေ့ကြောင့် ဆောင်းဟန်ဘင်းရဲ့
ဦးတည်ရာကို ကျန်းဟာအိုကရိပ်မိလာသည် ။

ဆောင်းဟန်ဘင်းရဲ့နှုတ်ခမ်းနွေးနွေးက
သူ့ရဲ့လည်ပင်းတစ်ဝိုက်ကို နယ်ချဲ့နေပြီး
ဘယ်တစ်လှည့်ညာတစ်လှည့် စိတ်ကြိုက်
နမ်းရှုပ်နေလေသည် ။

အခန်းထဲမှာ အဲကွန်းဖွင့်ထားသည့်တိုင်အောင်
ကျန်းဟာအိုရဲ့ ကိုယ်တွင်းအပူချိန်ရော
နှလုံးခုန်နှုန်းတွေကပါ သိသိသာသာတိုးမြင့်
လာလျက်ရှိသည် ။

ခေါင်းကိုဘယ်ညာစောင်း၍ အလုပ်ရှုပ်နေသူ
ဆောင်းဟန်ဘင်းမှာ ညာဖက်တွင်ရပ်သွားပြီး
ကျန်းဟာအိုရဲ့ လည်ပင်းသားလေးကို
လျှာဖျားနှင့်လာရောက်ထိတွေ့လာသောအခါ
ဆောင်းဟန်ဘင်းရဲ့ အနွေးထည်စလေးအား
ကျန်းဟာအိုက ဆွဲမိသည် ။

All in YouWhere stories live. Discover now