Afterglow

733 101 0
                                    

Song recommendation for this part :
' Afterglow '


~

ဒီနေ့က R_1 ကုမ္ပဏီရဲ့နှစ်ပတ်လည်နေ့တစ်နေ့ဖြစ်ပြီး
စီအီးအို ကင်မ်ဂျီဝွန်းရဲ့ တစ်ဦးတည်းသောညီ
ကင်မ်ဂယူဗင်းရဲ့ မွေးနေ့လဲဖြစ်နေတာမလို့
ကုမ္ပဏီက အနုပညာရှင်တွေရော အခြားလုပ်ငန်းရှင်
ကြီးတွေနဲ့ပါစည်းကားနေသည် ။

ပွဲရဲ့အဓိကအရေးပါတဲ့ဇာတ်ကောင်လေး ကင်မ်ဂယူဗင်း
မှာတော့ လူအုပ်ကြားထဲမှာ အဖြူရောင် suit ဝတ်စုံနဲ့
အတော်လေးကို ကွဲပြားစွာထင်းထွက်နေသည် ။

ကင်မ်ဂယူဗင်းက အနုပညာရှင်တစ်ယောက်
မဟုတ်သည့်တိုင်အောင်ပြေပြစ်လွန်းသော
ကိုယ်ခန္ဓာအချိုးအစား ချောမောလွန်းတဲ့ ရုပ်ရည်ကြောင့် အတော်အသင့်နာမည်ကြီးသူ တစ်ယောက်ဖြစ်ပါသည် ။

" မွေးနေ့ကိုဂုဏ်ပြုပါတယ် ဂယူဗင်း "

" ဟာအိုဟျောင်း လာတာနောက်ကျလိုက်တာ
မလာတော့ဖူးတောင် ထင်တာ "

" ဂယူဗင်းမွေးနေ့ကို မလာလို့ဖြစ်ပါ့မလား
မအားလဲ အားအောင်လုပ်ပြီးလာရတာပေါ့ "

" ဒါဆိုလဲ ရောက်လက်စနဲ့ အကြာကြီးနေသွားနော် "

ဂယူဗင်းအပြောကို ကျန်းဟာအိုက ပြုံးပြကာ
တုံ့ပြန်လိုက်ပြီး အနားကဝိုင်ခွက်တစ်ခုကို
ကောက်ယူလိုက်သည် ။

အများကြီးတော့ သောက်လို့မဖြစ်ပါပေ
သူ့ alcohol သတ်မှတ်ချက်ကအရမ်းကြီး
မမြင့်သည့်အပြင် ဒီပွဲမှာမီဒီယာအချို့ကိုလဲ
ဖိတ်ကြားထားသည့်အတွက် အနေအထိုင်ကို
တတ်နိုင်သလောက်ဆင်ခြင်ရပါဦးမည် ။

ပွဲထဲတွင်လူတွေက တဖွဲဖွဲနဲ့များလာပြီး
စားပွဲဝိုင်းများမှာလဲ ဖြည်းဖြည်းချင်းပြည့်လာသည် ။

ကျန်းဟာအိုမှာလဲ ပွဲလာသည့် အနုပညာရှင်
အချင်းချင်းရော လုပ်ငန်းရှင်ကြီးများနှင့်ပါ
စကားလက်ဆုံကျနေရင်း အလုပ်ရှုပ်နေရပါသည် ။

" အားလုံးပဲမဂ်လာပါဗျ ။ ကျွန်တော်ကင်မ်ဂယူဗင်းပါ ။
ကျွန်တော့်ရဲ့မွေးနေ့ကိုခုလိုတက်ရောက်ပေးလို့
ကျေးဇူးအများကြီးတင်ပါတယ် ။

All in YouWhere stories live. Discover now