The 1

779 114 8
                                    

Song recommendation for this part :
" The 1 "





~

ရာသီစက်ဝန်းတွေပြောင်းလဲလာခဲ့တာအခုဆို
နွေဦးရာသီဟာကိုရီးယားနိုင်ငံသို့ရောက်ရှိလာပြီ
ဖြစ်သည် ။

နွေဦးရာသီဆိုသော်ငြားလည်းရံဖန်ရံခါနှင်းများ
ကျတတ်သလို မိုးကလဲမထင်ရင်မထင်သလို
ရွာတတ်သည် ။

အရာအားလုံးကအချိန်ယန္တရားအတိုင်းပုံမှန်
လည်ပတ်နေကြပြီး ပြောင်းလဲသွားတာဆိုလို့
ပုံမှန်မြင်နေကျ ဆိုးလ်မြို့ရဲ့အကြီးဆုံး
ကြော်ညာဆိုင်းဘုတ်နေရာတွင်ရှိနေကျ
ကျန်းဟာအို မဟုတ်တော့ဘဲတစ်ခြားမော်ဒယ်
တစ်ယောက်ရှိနေခြင်းသာဖြစ်သည် ။

ကျန်းဟာအို ပြတင်းပေါက်ကနေမြင်နေရတဲ့
ဆောင်းဟန်ဘင်းမျက်နှာကိုငေးနေမိသည် ။

တစ်ချိန်တုန်းကသူ့ပုံရှိနေခဲ့တဲ့ နေရာမှာအခုတော့
ဆောင်းဟန်ဘင်းကနေရာယူသွားခဲ့လေပြီ ။

ထို့အတူဆောင်းဟန်ဘင်းဟာ နိုင်ငံတကာမှာ
တဖြည်းဖြည်းနေရာရလာပြီး ဥရောပထိပါနာမည်
လွှမ်းမိုးနေနိုင်ပြီဖြစ်ကြောင်း သူကြားရသည် ။

အခုဆိုသူတို့မတွေ့ဖြစ်တာဘယ်လောက်ကြာပြီလဲ ။

အဲ့ဒီ့နေ့ ကမ်းခြေမှာစကားပြောပြီးတဲ့နေ့တည်းက
ဆောင်းဟန်ဘင်းကိုမမြင်ခဲ့ရတာ လတွေအတော်
ကြာနေပြီဖြစ်မည် ။

အကြောင်းအရာတိုက်ဆိုင်လာလို့ တူတူတွေ့ရဖို့
ရှိလာရင်တောင် သူ့ဘက်ကအကြောင်းပြချက်တွေ
ပေးပြီး ဖျက်ပေးသည် ။

ဒီလိုနဲ့ဆောင်းဟန်ဘင်းရဲ့ နောက်မှာကပ်ပါနေခဲ့တဲ့
ကျန်းဟာအိုရဲ့နာမည်က လုံးလုံးပျောက်ကွယ်သွားပြီး
အခုဆို ဆောင်းဟန်ဘင်းကဒီမျိုးဆက်အတွက်တော့
အမြင့်ဆုံးနေရာမှာ ရှိနေပြီဖြစ်ပါသည် ။

" ဒီလိုဆိုတော့လဲ ကြည့်လို့ကောင်းလိုက်တာ ဟန်ဘင်း "

ကျန်းဟာအိုက ပြတင်းပေါက်ဘောင်ပေါ်သို့
တင်ထားတဲ့လက်တွေအပေါ်ကို ခေါင်းမှီချရင်း
သူ့အရှေ့က ဆောင်းဟန်ဘင်းကိုကြည့်နေမိဆဲ
ဖြစ်သည် ။

All in YouDonde viven las historias. Descúbrelo ahora