Song recommendation for this part :
" Invisible String "
~
သည်နေ့ကနေသာသောနေ့တစ်နေ့ဖြစ်ပြီး ရှန်ဟိုင်းရဲ့
ရာသီဥတုမှာ ဆောင်းဦးရာသီလေးမလို့လေပြေ
အေးလေးများနှင့်သာသာယာယာရှိနေသည် ။
ဒီနေ့က ဆောင်းဟန်ဘင်းရဲ့ဒုတိယမြောက်
ခွင့်ရက်ဖြစ်ပြီး ပထမရက်ကိုတော့အိမ်ထဲမှာသာ
အဆင်ပြေသလိုလေးဖြတ်သန်းလိုက်ပေမဲ့
ဒုတိယရက်ကိုတော့ ဆောင်းဟန်ဘင်းက
အပြင်တစ်နေရာရာကိုထွက်ချင်တယ်ဟု
ဆိုလာသောကြောင့် ကျန်းဟာအိုကကုမ္ပဏီကို
တိတ်တိတ်လေးခေါ်လာရဖို့ဖြစ်လာသည် ။
အခြားနေရာတွေကိုတော့ ညဘက်မှပဲ
နှစ်ယောက်အတူတူလျှောက်သွားမည်ဟု
စဉ်းစားထားပြီး မနက်ပိုင်းကိုတော့အဆင်ပြေ
သလိုလေး ကုမ္ပဏီမှာပဲအချိန်အတူတူကုန်ဆုံး
ရပါတော့မည် ။
" ကော ဘယ်လိုလဲကျွန်တော်မှန်းမသိသာတော့
ဖူးမလား "
ဆောင်းဟန်ဘင်းက အနက်ရောင်အနွေးထည်
အထူကြီးကိုအပေါ်ကထပ်လို့ ဆံပင်တွေကို
ဖွထားကာ မေးသည် ။
" မရဘူး လိုနေသေးတယ် "
" ..... "
" အိုကေ ဒါမှပြည့်စုံသွားတာ "
ကျန်းဟာအိုမှာ သူ့ရှေ့ကဆောင်းဟန်ဘင်းအား
နေသာတဲ့နေ့ကြီးမှာအနွေးထည်အနက်ရောင်ကြီးကို
ခေါင်းစွပ် စွပ်ပေးလိုက်ပြီးဦးထုပ်ကိုလဲ ခပ်ငိုက်ငိုက်
ဆောင်းလို့ မျက်မှန်အမဲကြီးကိုပါတပ်ပေးလိုက်သည် ။
" ကော ဒီလိုကြီးကျကျွန်တော်အသက်ရှူကျပ်တယ် "
ဆောင်းဟန်ဘင်းရဲ့ ခပ်အောင့်အောင့်စကားသံလေးက
အသည်းယားစွာ ထွက်ပေါ်လာသည် ။
" ခဏလေးပါပဲ ငါကကားမောင်းမြန်တယ် "
" မရဘူးလေ ကော ဘယ်လိုဖြစ်ဖြစ်ကျွန်တော်မှန်း
သိသာနေတာပဲကို "
" မင်းဒီလောက်ဖုံးထားတာပဲ ဘယ်သူမှနေသာတဲ့
နေ့ကြီးမှာအနွေးထည်ကို အဲ့လိုကြီးဝတ်ထားတဲ့
မင်းကို လိုက်ကြည့်မှာမဟုတ်ဘူး ။ ဒီတိုင်းအရူးကြီး
ဆိုပြီးကျော်သွားကြမှာ "
YOU ARE READING
All in You
FanfictionI like him but we're not meant to be..... Start Date : 3.7.2023 End Date : 10.8.2023
