Off my Face

824 118 4
                                    

Song recommendation for this part :
" Off my face "



~

ပါရီမြို့ရဲ့အလှတရားကြီးမှာ ညအချိန်တွင်
ရောင်စုံမီးရောင်များနှင့်အသက်ဝင်နေပြီး
အီဖယ်တာဝါတိုင်ကြီးမှာလဲမူမပျက်ပင်
မြို့၏ပြယုဂ်တစ်ခုအဖြစ် ထည်ထည်ဝါဝါကြီး
ရှိနေပါသည် ။

အနုပညာအသိုင်းအဝိုင်းရဲ့နာမည်အကျော်အစောတွေ
ဖြင့်သာ ပြည့်နှက်နေပါသည့်After Party တစ်ခုတွင် ကျန်းဟာအိုနှင့်ဆောင်းဟန်ဘင်းမှာတစ်ယောက်နှင့်
တစ်ယောက် ဘေးချင်းကပ် ထိုင်နေကြရသည် ။

သူတို့နှစ်ယောက်မှာ ဘယ်တုန်းကများအခုလို
ဟန်ဆောင်ပြုံးပြပြီး အများရှေ့ကောင်းမွန်တဲ့
ဆက်ဆံရေးရှိတဲ့ စီနီယာနဲ့ဂျူနီယာအဖြစ်
သရုပ်ဆောင်ရမဲ့အနေအထားရောက်သွားလဲ
သူတို့ကိုယ်တိုင်လဲမသိပါပေ ။

ဒါပေမဲ့လက်ရှိမှာတော့ ကင်မရာတွေအများကြီးရှေ့က ကျန်းဟာအိုရော ဆောင်းဟန်ဘင်းကပါ တစ်ယောက်ကိုတစ်ယောက် ပြုံးပြနေပြီး အင်မတန်ကိုနှစ်လိုဖွယ်
ကောင်းပြီး ရာစုနှစ်တစ်ခုရဲ့အအောင်မြင်ဆုံး
အနုပညာရှင်နှစ်ယောက်တူတူတက်တဲ့ပွဲမလို့
သမိုင်းတွင်ကျန်စေမဲ့ ဓာတ်ပုံတွေကို တဖျက်ဖျက်နှင့်
ရိုက်ယူနေကြသည် ။

" ဟာအိုရှီး ခုလိုပွဲကိုတက်လာပေးတာကျေးဇူး
တင်ပါတယ်ဗျာ "

Brand ပိုင်ရှင်ကလာရောက်တွေ့ဆုံစကားပြောသော
အခါ ကျန်းဟာအိုမှာ လူမှုရေးအရပြန်လည်နှုတ်ဆက်
ရန်ထိုင်ရာကနေ ထလိုက်ရသည် ။

" ကျွန်တော့်ကိုတကူးတကဖိတ်မှတော့ သေချာပေါက်
လာပေးရတာပေါ့ဗျာ "

" ဒါနဲ့ ဒါကဟာအိုတို့ ကုမ္ပဏီကမျက်နှာသစ်လေးမလား
ကြားထားတဲ့သတင်းတွေထက် ပိုချောတာပဲနော် "

ပြောသော စကားဝိုင်းထဲတွင် မိမိနာမည်ပါလာသော်အခါ
ဆောင်းဟန်ဘင်းက ဝတ္တရားအရစကားပြန်ပြော
ရဖို့ဖြစ်လာသည် ။

" ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် "

ဆောင်းဟန်ဘင်းရဲ့စကားကြောင့် ကျန်းဟာအိုမှာ
ကိုယ့်နှာဖူးကိုယ်သာရိုက်ပစ်လိုက်ချင်သည် ။

All in YouWhere stories live. Discover now