Invisible String

Depuis le début
                                        

" အဲ့ဒါဆိုတကယ်အရူးကြီးနဲ့တူနေတာလား "

ဆောင်းဟန်ဘင်းမှာ သူ့ဘာသာသူပြန်ငုံ့ကြည့်ရင်း
ကျန်းဟာအိုအားမေးသည် ။

ကျန်းဟာအိုမှာ ဆောင်းဟန်ဘင်းအမေးကိုမဖြေသေး
ဆောင်းဟန်ဘင်းရဲ့ မစိရသေးတဲ့ အနွေးထည်
ဇစ်ကိုပါလည်ပင်းထိဆွဲတင်လိုက်သည် ။

လည်ပင်းအစ်သွားပုံရတဲ့ ဆောင်းဟန်ဘင်းကို
ကြည့်ပြီးကျန်းဟာအိုက အသံထွက်အောင်ရယ်မိ
လိုက်သည် ။

" ဆောင်းဟန်ဘင်းမင်းအခုပုံကမှတကယ်ကြီးကို
အရူးလေးနဲ့တူသွားပြီ "

ကျန်းဟာအိုမျက်လုံးလေးများပိတ်ကြသွားသည်ထိ
ရယ်နေတာကိုကြည့်ပြီး ဆောင်းဟန်ဘင်းကပါ
လိုက်ပြုံးဖြစ်လိုက်သေးသည် ။

ဆောင်းဟန်ဘင်းက ကျန်းဟာအိုရယ်နေတာကို
ငေးနေရင်းနဲ့မှ ကျန်းဟာအိုကကျတော့
ကုမ္ပဏီသွားဖို့ကို suit အပြည့်ဝတ်ဆင်ထားကြောင်း
တွေ့လိုက်ရသည် ။

" ကျွန်တော့်ကို နောက်ရလို့ ကောကပျော်နေ
တာပေါ့လေ "

သူ့ရှေ့ကရယ်မောနေတဲ့ ကျန်းဟာအိုရဲ့
လည်ပင်းက နက်ကတိုင်ကြိုးလေးကိုဆွဲပြီး
သူ့နားကိုဆွဲကပ်ကာ မေးလိုက်တော့ ကျန်းဟာအိုလေး
ရယ်နေရာကရပ်သွားပြီး သူ့ကိုပြူးပြူးပြဲပြဲလေးကြည့်လာသည် ။

" ငါကအဲ့လိုမဟုတ်ပါဘူး "

" Hmm...ဟုတ်လို့လား ခုဏကသေချာပေါက်
ဟောဒီ့မျက်လုံးလေးတွေပိတ်ကျသွားတဲ့ထိကို
ရယ်နေခဲ့တာ ဘယ်သူများလဲ ? "

ဆောင်းဟန်ဘင်းကပြောပြီး ကျန်းဟာအိုရဲ့
မျက်လုံးလေးများမှိတ်ကျသွားအောင်
နမ်းရင်းမေးလိုက်သည် ။

" ငါမရယ်ပါဘူးဆို "

" ကော...အငယ်ကိုမလိမ်ကောင်းဘူးနော် "

" တကယ်ပါဆိုနေ "

သူ့အားဗြောင်လိမ်ချင်နေတဲ့ ကျန်းဟာအိုလေးကြောင့်
ဆောင်းဟန်ဘင်းက ဆွဲထားတဲ့နက်ကတိုင်ကို
လွှတ်ပေးလိုက်ပြီး ခါးကနေဆွဲယူကာဖက်လိုက်သည် ။

" အဲ့တော့ဘယ်လိုလုပ်မှအမှန်ကိုပြောမှာလဲ "

ဆောင်းဟန်ဘင်းက မေးပင့်ပြပြီးမေးလိုက်တော့
ကျန်းဟာအိုလေးက မျက်လုံးများကိုတောင်ကြည့်
မြောက်ကြည့် ကြည့်ရင်းခေါင်းအသာခါပြလေသည် ။

All in YouOù les histoires vivent. Découvrez maintenant