သူကြည့်ရသလောက်ဘာမှထူးခြားတာရှိမနေပါဘူး တောသူမမှန်းသိသာသည် ဒါမျိုးပုံကြီးကိုဘာကိစ္စသူနဲ့လာပေးစားနေရတာလဲ

ပုံစံကအူတူတူနဲ့ နေပါအုံးသူကတစ်လှမ်းမှမရွေ့ပါလား ဘာလဲမသွားတတ်တာတော့မဟုတ်ဘူးမလား

'ဒီမှာဗျ'

'ရှင် ဟုတ် ဟုတ်ကဲ့'

'Ig acc လေးပေးပါလား '

'ရှင် ig ကဘာကြီးလဲ'

'အာ...စကားပြောလို့ရတဲ့ app လေ ပေးပါလား'

'အာ.......စိတ်မရှိပါနဲ့နော် ကျွန်မကအဲ့တာတွေမသုံးတတ်လို့'

'ဟိုဒါဆို ph no လေး'

အမယ် တောသူပေမဲ့စွံသားပဲ ph no လာတောင်းတဲ့သူနဲ့

ဂျွန်ဂျောင်ကုတို့ဒါမျိုးကို အမိအရ ရပ်ကြည့်နေလိုက်တယ်

ဟိုကောင်ကမရမချင်းမသွားမဲ့ပုံမို့ စိတ်ရှုပ်ရှုပ်နဲ့ သူသွားပြောရအုံးမည်

'ဒီမှာ မင်းကဘယ်သူလဲငါမသိဘူး
သူကငါယူမဲ့မိန်းမ ဘာလို့ ph no လာတောင်းနေတာလဲ ထိုးခံချင်နေတာလား'

'ဗျာ.....အာ မသိလို့ပါ ဆောရီး'

ဟင် သူလားဂျွန်ဂျောင်ကုဆိုတာ အပြင်မှာပိုချောတာပဲ......

သူမအတွေးထဲနစ်နေချိန်

'ဒီမှာ ကင်မ်ဂျီယွန်းရှီး ကိုယ့်ဟာကိုမလာတတ်ဘူးလား ဒီမှာထိုင်စောင့်နေရအောင်'

'ဟို ဟုတ် မ မလာတတ်ဘူးလေ ဂျီယွန်းကဂျောင်ကုတို့အိမ်မှမသိတာ'

အေး အာ့လဲဟုတ်တယ် ငါခေါ်မှသူသိမှာပေါ့

'အဟမ် ထားတော့ သွားမယ်လာ'

'ဟို......'

'ဒီမှာ ကင်မ်ဂျီယွန်းရှီး အထုပ်သယ်ပေးပါဘာညာလာမခိုင်းပါနဲ့ အစကထဲကဘာမှယူခိုင်းတာမဟုတ်ဘူး ကိုယ့်ဟာကိုသယ်လာတာ မသယ်ပေးနိုင်ဘူး'

'ဟင် မ မသယ်ခိုင်းပါဘူး'

'ပြီးရော လာလေ ဘာရပ်ကြည့်နေတာလဲ'

ဂျီယွန်းတွေးထားတာက သူက ကြင်နာတတ်မဲ့သူမျိုးပေါ့ အခုတော့အတွေးနဲ့တစ်ခြားဆီပါလား  လူ့ဂွစာပဲ ကြောက်စရာကကောင်းသေးတယ်

A Heart's EnchantmentWhere stories live. Discover now