'သမီး မေမေတို့ပြောတာ လက်ခံလား'

မေမေတို့ဆန္ဒကို ငြင်းဆန်ဖို့မရှိပါ ပြီးတော့ သူ့ပုံလေးမြင်ပြီးထဲက ရင်ထဲတစ်မျိုးခံစားရတာကြောင့်လက်ခံမိခြင်းဖြစ်သည်

'ဟုတ်မေမေ လက်ခံပါတယ်'

'ဟိုဘက်ကတော့သမီးကိုဆိုးလ်ကိုလာလည်စေချင်တယ်တဲ့ သားနဲ့လဲတွေ့ဖြစ်တာပေါ့ သမီးသဘောကရော'

'ဟုတ်မေမေ သမီးအဆင်ပြေပါတယ်'

'ဒါဆိုမေမေတို့စီစဥ်ပေးမယ်နော် သမီးကရိုးရိုးအအလေးမို့ စိတ်ပူပေမဲ့'

'စိတ်ချပါမေမေရဲ့'

ဟုတ်လဲဟုတ်တယ် သူမက တောသူလေးမို့ ဆိုးလ်မြို့အကြောင်းဘာမှသိပ်မသိသောကြောင့် သွားရမှာတော့ရှိန်သည် မတော်လမ်းပျောက်နေတာတို့ဘာတို့မှဖြင့်

'ဟယ်လို mommy '

'သား ဒီနေ့ ဂျီယွန်းလေးရောက်မယ်လေ'

'ဘယ်သူလဲ ဘယ်ကဂျီယွန်းလဲ'

ဂျွန်ဂျောင်ကုသိပါသည် ဒီနေ့ဟိုတောသူမရောက်မဲ့နေ့ဆိုတာ မာမီတို့သွားကြိုစေချင်နေတာလဲသိသည် ဒါမဲ့တမင်ကိုဂျစ်တိုက်ချင်နေတာ ဂျွန်ဂျောင်ကုက

'ဟဲ့နင်ယူမဲ့နင့်မိန်းမဟေ သွားကြို'

'ကျစ် mommy တို့ကငရှုပ်ပဲဗျာ မသွားဘူး'

'ဟဲ့သွားဆိုသွား နင့်အလုပ်တွေအကုန်ထားခဲ့ နင့်ဟာမတွေပါထားခဲ့'

'ကျစ်! ပြီးရောဗျာ'

ဂျီယွန်းတစ်ယောက်လေဆိပ်မှာယောင်လည်လည်နဲ့ ထိုင်နေရသည်

အန်တီတို့က ဂျီယွန်းအားသူမသားလာကြိုပါမယ်စောင့်နေပါဆိုလို့ စောင့်နေရခြင်း

မစောင့်ရင်လဲ သူမလိုအူကြောင်ကြောင်ကဘယ်မှမသွားတတ်ပါ

စောင့်နေရတာတော်တော်ကြာပြီဖြစ်သည် သူကရောက်မလာသေးပါ ဗိုက်လဲအတော်ဆာနေပြီဖြစ်သည်

ဂျွန်ဂျောင်ကုတို့ လေဆိပ်ခုံတန်းမှာထိုင်နေသည့် တောသူမကိုမြင်ပါသည် သို့ပေမဲ့ စောင့်ပါစေဆိုပြီးတမင်ရပ်ကြည့်နေလိုက်သည်

A Heart's EnchantmentWhere stories live. Discover now