မနက်ခင်း နေရောင်ကြောင့် လင်းထည်ဝါအရင်နိုးလာခဲ့သည်
သူ့ဘေးမှာ အိပ်နေတဲ့ အသည်းကို မြင်ရတော့ ပြုံးမိသည်ဒီလိုလေးအမြဲ နိုးရရင်ကောင်းမယ် အသည်းရယ်
ချစ်တယ် အသည်း
မင်းသာလိုရင် မောင်ဘယ်နေရာနေရ နေရမောင့်အတွက် အဆင်ပြေတယ်ကြည့်နေရင်း လွန်းေခတ်နိုးလာခဲ့သည်
မျက်လုံးဖွင့်လိုက်သည်နှင့် မြင်လိုက်ရတာက
မောင်ကသူ့ကို စိုက်ကြည့်နေသည်"မောင်... နိုးတာကြာပြီလား
သက်သာလား""အွန်း သက်သာတယ်အသည်း"
"မောနီး မောင် အသည်းကို မောနီး kissပေး"
"မွ"
"ဒါပဲလား"
"လိုချင်သေးလား"
"အွန်း လိုချင်သေးတာ"
တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း အချိန်တော်ကြာနမ်းနေမိသည်
လင်းထည်ဝါအသက်ရှူ ကြပ်လာမှ ခွာလိုက်သည်"ထတော့ အဆိုးလေး"
"မောင်ကို အမျိုးမျိုး အသည်းဖြစ်လိုက် အဆိုးဖြစ်လိုက်နဲ့"
ပြုံးပြီးသားကြည့်နေတော့သည်
"မောင် ငါ့ကို ဆေးရုံလိုက်ပို့မလား"
"အွန်း လိုက်ပို့မယ်လေ"
"ဒါဆို ထကြရအောင်နော်"
"အွန်း အသည်း"
**************
"မောင် ညနေလာမယ် ဟုတ်?"
"အွန်း မောင်လာကြိုမယ် အသည်း"
"ဟုတ်ပြီ ချစ်တယ်မောင်"
"ချစ်တယ်အသည်း"
လွန်းခေတ်နှုတ်ဆက်ပြီး ဆေးရုံထဲသို့ဝင်လာသည်
"အမယ် အမယ် ဒေါက်တာတို့ လျှိုတယ်နော်""ဟင် ဆရာမတို့က လူနာမကြည့်သေးဘဲ ဒီမှာဘာလို့စုနေတာလဲ"
"ဒေါက်တာရယ် အချိန်ကြည့်ပါအုံး
ဂျူတီက ခနနေမှ ချိန်းမှာလေ""အော် ဟုတ်သား"
"ဒေါက်တာ ပြောပြပါ
ခုနက ချစ်သူမလား"
YOU ARE READING
မန္တလာမြေမှ ချစ်သက်သေ
Romanceမောင့်ကိုချစ်တဲ့အချစ်ကလေ... မန္တလေးမြို့တော်ကြီးလိုပဲ နန်းဆန်တယ် လှတယ် မရိုးသွားအောင်အသက်ဝင်တယ်..