5

66 6 1
                                    

"သူ့ရုံးခန်းကပဲစောင့်နေလိုက်မယ် ကျနော်က သူ့ရဲ့.. သူငယ်ချင်းပါ"

ဟုတ်တယ် ငါဖြေတာမှန်တယ်
အသည်းက ငါ့ကို သူ့အသိတွေထဲ တရားဝင်မိတ်ဆက်ပေးပါ့မလား

"ဟုတ်ကဲ့ ဒုတိယထက် ရောက်ရင် ညာကွေ့လိုက်ပါ Dr. Lhoon Khit Han လို့ ရေးထားတဲ့ အခန်းပါ"

"Ok "

လင်းထည်ဝါမောင် လွန်းခေတ်ရဲ့ အခန်းရောက်တော့ ပတ်ပတ်လည်အကဲခတ်မိသည်
စားပွဲ ထိုင်ခုံ ဗီရို
ဟင် ဗီရို ပေါ်က ပုံ
နိုင်ငံခြား မထွက်ခင်ကပုံ
တနည်း အနောက်ကရိုက်ထားတဲ့ပုံ

ဟား အသည်းရာ ချစ်တတ်လိုက်တာ

အချိန်အတန်ကြာ စောင့်ပြီးတဲ့အခါမှာတော့
လွန်းခေတ် အခန်းဝင်လာသည်

"ဟင် မင်း ဘယ်လိုရောက်နေတာလဲ"

"‌ကားစီးပြီး လမ်းလျှောက်တယ်
လမ်းလျှောက်ပြီး အပေါ်ထပ်ကို
ဓာတ်လှေကားစီးလာတယ် စီးပြီးတော့ မင်းအခန်းဆီ လမ်းလျှောက်လာတယ်"

"အဲ့တာ မင်းပြောမှလား ချီး"

"စားလိုက်"

"မသာ"

"ဟက် ဘာတွေ အဲ့လောက် စွာနေတာလဲ
အသည်း"

"အသည်း စိတ်‌ထဲ ရှိတာတွေ အကုန်ကိုယ့်ကို ပြောလေ ဒါမှ ဖြေရှင်းရမှာပေါ့"

"ငါပင်ပန်းနေတယ် နားချင်တယ်"

"အသည်း"

"....."

"ကောင်းပြီ ကိုယ်လိုက်ပို့မယ် အိမ်ပြန်မှာ မလား"

"အင်း"

"သွားစို့"

************
ညရောက်သောအခါ

📱📱📱📱📱
ဆက်တိုက်လာသောဖုန်းကို လွတ်းခေတ်မကိုင်ဘဲ ကြည့်နေမိသည်

တကယ်ဆို မင်းအမှားမှ မဟုတ်တာ
တစိမ်းတယောက်ကြောင့် ငါမောင့်အပေါ် ဒီလိုမလုပ်သင့်ဘူးထင်တယ်

📱📱📱📱

နောက်တစ်ကြိမ် ဝင်လာသော ဖုန်းအား ကိုင်လိုက်သည်

"အင်း "

"အသည်း ဘာလို့မကိုင်ရတာလဲ"

"မောင် ငါပြောစရာရှိတယ်"

မန္တလာမြေမှ ချစ်သက်သေDär berättelser lever. Upptäck nu