မျက်ရည်ဥတွေ တလှိမ့်လှိမ့်ကျဆင်းနေသည့်ကြားမှ ရိုးပြန်
ထဖို့ပင်သတိမေ့လျော့စွာဖြင့် အမိန့်ထွက်သွားတဲ့ခြေလှမ်း
တွေရဲ့ အခန်းဝကိုသာ မမှိန်မသုန်စိုက်ကြည့်နေချေလေ
သည်။ရိုးကို မုန်းများသွားပြီလားဟင်။
ပွဲတတ်ဂါဝန်လေးမှာလည်း အမိန့်ရဲ့သွေးစလေးတွေက ခပ်
ရဲ့ရဲ့လေးပေကျံသွားတာကို တဖန်မြင်လိုက်စဉ်မှာတော့
အမြတ်တနိုးနဲ့ကို ရိုးရဲ့ပါးပြင်နဲ့ အမိန့်ရဲ့ပေကျံသွားတဲ့သွေး
စလေးတွေနဲ့ကွက်နေတဲ့ အကျီစလေးကို ထိတွေပွတ်သပ်ရင်း
မျက်လုံးအစုံကို မှိတ်ကာ မျက်ရည်များက ဒလဟောကိုကျ
ဆင်းနေပေ၏။သူ ရဲ့လက်ဖဝါးပြင်ထက် ဒဏ်ရာရသွားခဲ့ပြီမဟုတ်လား..
အဲ့ဒါ ရိုးကြောင့်တဲ့လေ။အမိန့်ရဲ့မေမေကို ပြန်ပေးဖို့လုပ်ထားလေတဲ့ ပွဲတတ်အကျီ
လေးနဲ့ဖိနပ်လေးကိုတော့ ဒီတိုင်းဆိုပြန်ပေးလို့မရတော့၊လျှော်
ရအောင်လည်း အမိန့်ရဲ့အငွေ့အသက်လေးနဲ့တင် ရိုးသေမ
တတ်ကိုပျောက်ကွယ်သွားမှာ နှမြောနေချေ၏။မကြာခင်မှာ ကြားလိုက်ရတဲ့ ခပ်ကြမ်းကြမ်းမောင်းနှင်သွား
တဲ့ ဆိုင်ကယ်အသံကြောင့် လဲနေရာမှ ကဗျာကယာထကာ
ပြတင်းပေါက်ကို တွန်းဖွင့်ရင်း ခြံပြင်ဘက်သို့ ရိုးကြည့်လိုက်
လေ၏။ဆိုင်ကယ်နောက်မီးအရောင်ကိုသာ မြင်ရလိုက်လေတဲ့အထိ
ဒုန်းဆိုင်းလျင်မြန်စွာအရှိန်ပြင်းပြင်းနဲ့ထွက်သွားတဲ့ ဆိုင်ကယ်
ကြောင့် အမိန့်ရဲ့ဒေါသကမည်မျှမှန်းခန့်မှန်းနိင်၏။ရိုးကကော ဘာတတ်နိင်မည်လဲ၊ ပြားကပ်နေတဲ့ ရိုးရဲ့ရင်သား
တွေသာ သိသွားကြည့် ဘယ်လောက်တောင်အမုန်းခံရလိမ့်
မလဲ...လိမ်ညာတဲ့သူဟု အမည်တပ်ရင်း စိတ်နာသွားနိင်
ချေလေသည်မဟုတ်လား။ပြတင်းပေါက်ဘောင်ကို အားငယ်စွာခေါင်းမှေးတင်ရင်း မျက်
ရည်တွေနဲ့ခြောက်ကပ်နေတဲ့ ပါးပြင်မို့မို့က လေပြေအေးတွေ
ရဲ့တိုက်ခတ်မူကိုခံစားရင်း အမိန့်ပြန်အလာကိုသာ မျှော်နေမိ
တော့လေသည်။.........................
"ညက အမိန့် ပြန်မလာဘူး"
သမီးလေးကို နို့တိုက်နေရင်း အမိန့်ရဲ့မေမေက သခင်မကြီး
ကို ပြောနေသည့်စကားသံကို ရိုးတဖက်ကနားစွန့်နေမိ၏။
YOU ARE READING
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)
Romanceအမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခွင့်ပြုချက်မရပဲ ငါ့အနားကထွက်ခွာခွင့်မပြုနိင်ဘူး အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မင်းကိုငါပိုင်တယ်။ BL
Chapter...12
Start from the beginning