ရင်ဘတ်ကို အုပ်မိုးကိုင်ချင်နေတဲ့ အမိန့်ရဲ့လက်ကို ပုတ်
ထုတ်လိုက်ပြီး ရှိသမျှအားနဲ့ ရုမ်းထွက်လိုက်မိသည်။အခြေအ
နေက ရုမ်းရင်းဆန်ခတ်။

"သမီးလေးနဲ့တင်တော်လောက်ပါပြီ...အရှင် ကလေးထပ်မ
မွေးချင်တော့ဘူး...အမိန့်လည်း ကွာရှင်းတော့မှာဆိုတော့"

"ခင်ဗျားမှာပြောပိုင်ခွင့် အမိန့်ပေးပိုင်ခွင့်ရှိတယ်ထင်နေတာ
လား! ကျုပ်မွေးစေချင်ရင် တစ်ဒါဇင်လည်း တစ်ခါတည်းမွေး
ရမယ်ဆိုတာ မသေမချင်းမှတ်ထား"

"မှတ်မထားဘူး..အစ်!"

ငိုလည်းငို၊ကြောက်ရလွန်းကလည်းတစ်မျိုးမို့ ရှိုက်ငိုမိ၍အသံ
တွေပင် တအင့်အင့်နှင့်တောင်ဖြစ်နေလေကာ လက်ဖျားတွေ
ပင်တုန်တတ်နေလေ၏။

"တောက်!ကျုပ်လုပ်ရင် ခင်ဗျားမသာပေါ်တော့မယ်"

သူတစ်လှမ်းတိုးလာလေ ရိုးမှာတစ်လှမ်းဆုတ်လေဖြင့် နောက်လှည့်ကြည့်စရာဆိုလို့ နံရံပဲရှိတော့လေသည်။အမိန့်ရဲ့
ပုံစံက သူ့ကိုခါးခါးသီးသီးငြင်းဆိုနေလို့ မခံမရပ်နိင်တွေဖြစ်
နေတဲ့ပုံစံပင်။ ရိုးမှာ ယခုလက်ရှိလုပ်နိင်တာဆိုလို့ ငိုရုံကလွဲ
ပြီးဘာမှမရှိ။

ကိုယ်သာယောက်ျားလေးဖြစ်ရက် အမိန့်သာကြည်ဖြူတယ်
ဆိုလို့ကတော့ ရိုး ပေးဖို့အဆင့်သင့်။ ယခုအခြေအနေကရိုး
အမိန့်ရဲ့ အထိအတွေ့ကြားမှာရုမ်းကန်နေရတဲ့ ငါးလေးတစ်
ကောင်လို ရေနည်းလေ အသက်ရှူရကြပ်လေ ဒဏ်ပြန်ထိ
လေပါပဲ။

"ပြောစမ်း!! ဘာလို့ကျုပ်ကို ခါးခါးသီးသီးဖြစ်နေရတာလဲ..
ပြော...ကျုပ်ကို ရိုက်သတ်မိအောင်မလုပ်နဲ့"

"ဒုန်း!!"

ကျောမှီထားမိတဲ့ ရိုးရဲ့အနောက်က နံရံကို လက်သီးနဲ့ထိုးရင်း
အကြည့်မလွှဲစေပဲ စူးရှတဲ့မျက်ဝန်းရဲရဲတွေဖြင့်မေးလာကာ
ရိုးမှာ အမိန့်ရဲ့ရင်ခွင်နဲ့ နံရံကြား ညှပ်၍ ကြောက်၍တုန်နေ
လေတော့သည်။

"အရှင်...ကြောက်...ကြောက်တယ်"

"သေလိုက်တော့!ခင်ဗျား....တောက်!"

ခပ်ကြမ်းကြမ်းတွန်းထုတ်မူနဲ့အတူ ပုံရက်လေးကျသွားတဲ့
ရိုးရဲ့ကိုယ်လုံးလေးကို ခပ်စိမ်းစိမ်းအကြည့်တွေဖြင့် ခြုံကြည့်
ကာ အခန်းထဲမှာ ဒေါသတကြီးထွက်သွားလေ၏။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now