အပိုင်း {၁၆} (ZAWGYI)

Start from the beginning
                                    

"ဘာသောက်မှာလဲ။"

ဘေးနားမှ မိဘကိုယ်စီနှင့် ဖြတ်လျှောက်သွားကြသည့် ကလေးများကို ကြည့်ရင်း လှိုင်း အတွေးပင်လယ်ထဲ လက်ပစ်ကူးနေမိစဉ် ကြားလိုက်ရသည့် အမေးစကားကြောင့် အသိစိတ်တို့ ပြန်ကပ်လာသည်။

"စတော်ဘယ်ရီတစ်ခွက် ..ရေခဲလျှော့ထည့်ပေးပါဗျ။"

ကျသင့်သည့် ငွေပမာဏကို ပေးပြီး စတော်ဘယ်ရီဖျော်ရည်ခွက်ကို ယူကာ သိပ္ပံခန်းသို့ ပြန်လျှောက်လာလိုက်သည်။ သိပ္ပံခန်းသို့ မရောက်မီ ကစားကွင်း၌ မြင်လိုက်ရသည့် ပုံရိပ်သည် မျက်မှန်၏ အကူအညီဖြင့် ဝေးကွာနေသည့်တိုင်အောင် ထင်ရှားနေသည်။ မာန်တစ်ယောက် ဒန်းပေါ် ထိုင်ပြီး ခြေထောက်များဖြင့် ထောက်ကာ ထောက်ကာ ဒန်းကို ရှေ့နောက် အသာ လွှဲနေသည်။ လှိုင်း မာန့်အနား ချဉ်းကပ်လာလေ နီးကပ်လာသော အကွာအဝေးသည် မာန်၏ ချောမောခန့်ငြားမှုကို ဘေးခွဲ ခွဲထားသည့် လှိုင်းတွန့်ဆံပင်များ၏ ပံ့ပိုးမှုဖြင့် ပိုမို အားဖြည့်ပေးလေ ဖြစ်နေသည်။ လည်ကတုံးဖြူနှင့်မို့ အသားဖြူသော မာန်သည် ဖွေးသန့်ကာ အများကြီး ခန့်ငြားနေတော့သည်။

"ကြာလိုက်တာကွာ။ မင်းကို စောင့်နေရတာ နောက်ဘုရားတောင် ပွင့်တော့မယ်။"

"တန်းစီနေရလို့ပါ ကိုရိပ်ရဲ့။"

ပြောလည်း ပြော ၊ လက်ထဲသို့ အအေးခွက်ကို ထည့်ပေးလိုက်ရာ တပ်ထားသည့် ပိုက်မှ တစ်ဆင့် စတော်ဘယ်ရီ ဖျော်ရည်၏ ချိုချဉ်အရသာကို သေချာ မြည်းစမ်းနေသည်။

"ငါ ပျင်းလာပြီ။ ငါတို့အလှည့် မရောက်သေးလား မသိဘူး ..စိတ်ကို မရှည်တော့ဘူးကွာ။"

မာန် ပြောတာလည်း ဟုတ်ပါရဲ့ ... အဋ္ဌမတန်း ဖြစ်သည့်အတွက် ပွဲအစီအစဉ်အရ နောက်ဆုံးပိတ် အိတ်နှင့် လွယ်ရမည် ဖြစ်ရာ စောင့်ဆိုင်းရခြင်းတွေကို မုန်းပြီး လူစည်ကားလွန်းလျှင် စိတ်မွန်းကြပ်တတ်သည့် မာန် အိမ်ပြန်ချင်နေလောက်ရောပေါ့။

"ဒါဆို အငယ်တန်းတွေ ကနေတာ သွားကြည့်မလား ကိုရိပ်။ ကျွန်တော် အအေးသွားဝယ်တုန်းက ကောင်မလေးတွေ ယိမ်းကနေကြတာ တွေ့လိုက်တယ်။"

လမင်းခြေသံ { Completed }Where stories live. Discover now