မေကုန်းချင်

Start from the beginning
                                    

ထိုမျှသာမက အထက်တန်းလွှာလူပျိုများကလည်း ဤပွဲသဘင်ကိုမှီခို၍ ၎င်း၏ငယ်ရွယ်ပျိုမျစ်မှုကို ဖွင့်ထုတ်ပြကာ ချန်မျိုးရိုးမိန်းမငယ်များမှာလည်း သူမတို့မှာ လက်ထပ်ထိမ်းမြားနိုင်သော အပျိုကလေးများဖြစ်ကြောင်း အရိပ်အခြည်ပြကြမည်ဖြစ်သည်။

အတိတ်ကိုသာပြန်လည်မမှတ်မိခဲ့ပါက ချန်ရုံမှာ ဤပွဲအား မည်သည့်အကြောင်းနှင့်မှ ငြင်းပယ်မည်မဟုတ်ပေ။

သူမသည် ပွဲတွင်း၌ထင်ပေါ်နိုင်အောင် အစွမ်းကုန်ကြိုးပမ်းပြီး  နန်ယန်ရှိအကြီးအကဲအားလုံးထံမှ အာရုံစိုက်မှုကိုရရှိအောင် အတတ်နိုင်ဆုံးစွမ်းဆောင်သွားမည်သာ ဖြစ်သည်။

ချန်ရုံကမျက်လွှာချလိုက်ပြီး သစ်ရွက်ခြောက်များပေါ်မှ နင်းဖြတ်ကာ ခြံတော်ဝင်းနောက်ဖေးရှိ တောအုပ်ငယ်ကလေးဆီသို့ ဦးတည်သွားလိုက်၏။

ကောင်းကင်ယံတွင် လခြမ်းကွေးကလေးရှိနေပြီး မြေပြင်ပေါ်၌မူ အထီးကျန်ဆန်သောအငွေ့အသက်များဖြင့်ပြည့်နှက်နေလေသည်။

အချိန်မည်မျှကုန်ဆုံးသွားကြောင်း မသိလိုက်ချိန်မှာပင် ချန်ရုံတစ်‌ယောက် အနောက်မှနီးကပ်လာသောခြေသံများအား  ကြားလိုက်ရတော့၏။

လင်းထိန်နေသောမီးအိမ်များအား ကိုင်ဆောင်ထားကြသည့် အစေခံတစ်စုက သူမ၏ခြံဝင်းထဲသို့ ဝင်ရောက်လာကြသည်။အဖိုးစွင်းက မည်သည်ကိုမှ မမေးရသေးမီမှာပင် လူအုပ်ထဲမှတစ်ယောက်က စကားစလာခဲ့သည်။

"ချန်အိမ်တော်က အားရုံ ရှိသလားဗျ"

- ငါ့ကိုရှာနေတာလား -

အားရုံတစ်ယောက် တုန်လှုပ်သွားတော့၏။

အဖိုးစွင်း တုံ့ဆိုင်းနေချိန်မှာပင် အထိန်းတော်ဖျင်က ဝင်ပြောလိုက်သည်။

" ကျွန်မတို့သခင်မလေးက နေမကောင်းဖြစ်ပြီး အိပ်ရာထဲလဲနေပါတယ် "

ထိုအခါ အစေခံများက အချင်းချင်းကြည့်လိုက်ကြပြီး ထိုထဲမှတစ်ယောက်က ဆက်လက်၍ ပြောဆိုလာခဲ့သည်။

“ဝမ်အိမ်တော်က သခင်လေးချီလန်က ညစာစားပွဲမှာ သခင်မလေးချန်ကိုမတွေ့လို့ ကျွန်တော်တို့ကို စေလွှတ်ပြီး ဖိတ်ခေါ်ခိုင်းလိုက်တာပါ  ... နန်ယန်မင်းသားတောင်မှ သခင်ဝမ်ချီလန်ကို မဆန့်ကျင်နိုင်ပါဘူး ... အထိန်းတော်ကြီး ... သခင်မလေးကိုမေးကြည့်ပေးပါ ... တတ်နိုင်ရင် ဖြီးလိမ်းပြင်ဆင်ပြီး ပွဲကိုလာခဲ့ပေးပါလို့ ... ဒီအခွင့်အရေးက တကယ်ကိုရခဲပါတယ် "

မေကုန်းချင်Where stories live. Discover now