" ကျေးဇူးပြုပြီး ဥပဒေကို ပယ်ဖျက်ပေးပါ အရှင်မင်းကြီး..."

ဘုရင်ကြီးမှာ အတွေးထဲ နစ်မျောနေတော့သည်။

ဘေးနားတွင်ထိုင်နေသည့် လော့ဝမ်ချွမ်းက မျက်ခုံးပင့်လိုက်ပြီး စိတ်ကြည်လင်နေပုံရသည်။

အနည်းဆုံး ယွမ်ရှင်းကျဲ၏ အားစိုက်ထုတ်မှုများက အောင်မြင်သွားသည်ကို သက်သေပြနေသည်ပင်။

ထိုအချိန်တွင် ဝန်ကြီးတစ်ယောက်က မှတ်ဉာဏ်တုကိုဖွင့်လိုက်ပြီးနောက် ဘုရင်ကြီးကို ပြောလိုက်သည်။

" အရှင်... ဒီကိစ္စက မဟာမိတ်တွေရဲ့ သတင်းစာခေါင်းစီးပိုင်းကိုတောင် ရောက်သွားပါပြီ..."

အားလုံးက မှတ်ဉာဏ်တုကိုဖွင့်ကြည့်ပြီး စစ်ဆေးလိုက်ကြသည်။

ယွမ်ရှင်းကျဲ၏ စိတ်စွမ်းအားတိုးစက်အကြောင်း ‌ကြေညာမှုနှင့် အိုမီဂါများဘက်မှရပ်တည်ကာ ပြောဆိုပေးမှုကြောင့် မဟာမိတ်များဘက်တွင်လည်း ရုတ်ရုတ်သဲသဲဖြစ်နေသည်။

ကွန်မန့်များထဲကို ဖွင့်ကြည့်လိုက်သောအခါတွင်လည်း အင်ပါယာကို ပြစ်တင်ပြောဆိုမှုများနှင့် ယွမ်ရှင်းကျဲနှင့် သူ့နည်းပညာကို လိုချင်တပ်မက်နေသူများဖြင့် ပြည့်နေသည်။

" အင်ပါယာဘက်မှာ ဒီလောက်တော်တဲ့ ပါရမီရှင်တစ်ယောက်ရှိနေတာတောင်မှ သူ့ကို အတင်းဖိအားပေးပြီး လက်ထပ်ခိုင်းတယ်တဲ့လား... တကယ့်ဟာသကြီးလိုပဲ... သူ့ကို မဟာမိတ်တွေဘက်ကို လာခိုင်းလိုက်ရမှာ..."

" ဟုတ်တယ် မဟာမိတ်ဘက်မှာသာဆိုရင် ဒီလိုကိစ္စမျိုး ဖြစ်မှာမဟုတ်ဘူး... ဒီလို အဆင့်မြင့်နည်းပညာမျိုးက ခေတ်နောက်ပြန်ဆွဲနေတဲ့အင်ပါယာဘက်မှာ ရှိနေရတယ်လို့..."

" ညီငယ်လေး ( ယွမ်ရှင်းကျဲကို ရည်ညွှန်းခြင်းဖြစ်သည် ) ... မင်းက အရမ်းခံ့ညားပြီး ဒီလောက်ထူးချွန်တဲ့ စွမ်းရည်တွေရှိတာပဲ မဟာမိတ်ဘက်ကိုလာပါလား... မင်းကို ငါတို့ အင်ပါယာထက် ပိုကောင်းကောင်းဆက်ဆံပါ့မယ်..."

" အင်ပါယာက ယွမ်ရှင်းကျဲရဲ့ အရည်အချင်းတွေနဲ့ မထိုက်တန်ပါဘူး... သူ့ကို မဟာမိတ်ဘက် ရောက်လာအောင် နည်းလမ်းရှာကြပါဦး..."

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now