အစ်မလန်ကလုံးဝနားလည်နိုင်မည်မဟုတ်ချေ။

သူမတွင်လည်း လူပျိုလှည့်ခဲ့ဖူးသူအများကြီးရှိခဲ့ပါသည်၊ ယခုမူဒီလူအတွက် ချမှတ်ထားခဲ့သည့် ကတိကဝတ်များအကုန်လုံးသည် စိတ်ရင်းနှင့်ရိုက်ခတ်မှုလေးတစ်ဝက်ပင်ပြန်မရတော့ပေ။



ထို့ကြောင့် သူမဘဝထဲတွင်သူမ၏သားငယ်လေးတစ်ယောက်သာကျန်ရစ်ခဲ့တော့သည်။ ချန်းခယ့်ယောင်၏ရောက်ရှိလာမှုက သူမကိုချောက်နက်ထဲတွန်းချခဲ့သည့်တိုင် နွေးထွေးမှုနှင့်စိတ်သက်သာမှုတို့ကိုပါယူဆောင်လာနိုင်ခဲ့သည်။



"ကိုယ်ကလေးတုန်းက၊ သူ့ကိုတကယ်ကြောက်တာ"

ချန်းခယ့်ယောင် လက်တစ်ဖက်နှင့်သူ့ခေါင်းကိုကိုင်ထားသည်။ သူရုန်ယီဘက်ကိုမျက်နှာလှည့်ထားသော်ငြား မကြည့်နေပေ။

"သူကိုယ့်ကိုဒေါသထွက်လာရင်ကိုယ်လည်းဘာလုပ်ရမှန်းမသိတော့ဘူး"





ရုန်ယီမှာ စိတ်ကူးကြည့်ရန်ပင်ခက်ခဲနေသည်။





သူ့မှတ်ဉာဏ်ထဲရှိအစ်မလန်က အမြဲညင်သာသည်၊ သူမအသံလေးကပင်နူးညံ့ပြီး နားထောင်သူတိုင်းကိုမသိလိုက်ခင်ပင်တည်ငြိမ်အေးချမ်းမှုရစေသည်။





""ကိုယ်ငယ်ငယ်က ကိုယ့်အဖေကိုသဘောကျတယ်၊ သူကအမြဲတကျည်ကျည်လုပ်တတ်ပေမဲ့ ကိုယ့်ကိုတစ်ခါမှမဆူဘူး၊ မရိုက်ဘူး ပြီးတော့ကိုယ့်ကိုပျော်စရာကောင်းတဲ့နေရာတွေလည်းခေါ်သွားပေးတယ်"





"ဒါပေမဲ့ အစ်မလန်ကကိုယ်တို့သားအဖ အရမ်းကပ်နေတာတွေ့ရင်စိတ်ဆိုးတယ်၊ အဲဒီအချိန် ကျောင်းကပြန်လာတိုင်းကိုယ်အရမ်းစိတ်ရှုပ်ရတယ်၊ အိမ်ပြန်လာတိုင်းသူကကိုယ့်ကိုစိတ်မချမ်းသာရအောင်ပြောဆိုနေတတ်တယ်လေ"





"....."





ရုန်ယီလက်ဆန့်ပြီး ချန်းခယ့်ယောင်၏ဘောင်းဘီအနားစကိုဆွဲလိုက်သည်။





"ဒါဆိုလည်းပြန်မစဉ်းစားနဲ့တော့၊ ငါနားမထောင်ရလည်းကိစ္စမရှိဘူး"





နောက်ဆုံး၌ ချန်းခယ့်ယောင်ကသူ့ကိုကြည့်လာပြီးရယ်သည်။





Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီजहाँ कहानियाँ रहती हैं। अभी खोजें