အပိုင်း(၄၃)

Start from the beginning
                                    

လင်ရှန်း ရှက်ရွံ့စွာအသံပျော့ပျော့လေးဖြင့်- "အမ်....ရှင်ရော...."

"ငါ အပြင်ဘက်ကနေပဲ မင်းကို စောင့်ကြပ်ပေးနေလိုက်တော့မယ်." လိန်ဖန်က တုံးတိကြီးပြန်ကာပြောလိုက်တယ်. သူက သူမစကားကိုဆုံးအောင် မပြောစေတော့ဘဲ နောက်ကို တစ်ချက်လေးပင်ပြန်လှည့်မကြည့်ဘဲ ကတိုက်ကရိုက်ပြေးထွက်သွားတော့သည်။

သနားစရာလင်ရှန်းလေးကတော့ ငေးကြောင်ကြောင်ဖြင့်သာ စိုက်ကြည့်လိုက်၍ တစ်ဦးတည်းကျန်နေခဲ့ရှာတော့သည်. အချိန်ခဏကြာပြီးနောက်တွင်မှ သူမ လိန်ဖန်ဘက်ကို ကြည့်၍ တီးတိုးလေးရေရွတ်လိုက်သည်.- "ကျွန်မ ရှင့်ကို မေးမလို့ပါနော်. တကယ်လို့ ရှင်များ ကျွန်မနဲ့ အတူတူရေချိုးချင်မလားလို့ပါ! ရှင်ဘာလို့ ဒီလောက်တောင် အလောသုံးဆယ်နဲ့ပျာယာခတ်သွားရတာလဲ။ ကျွန်မ အဝတ်မဲ့နေတာကို ရှင်အရင်က မမြင်ဘူးထားတဲ့အတိုင်း......." သူမ သတိလစ်နေတုန်းက သူမကိုလိန်ဖန်က အင်္ကျီဝတ်စားတွေ လဲပေးခဲ့တာကို သူမ သိထားခဲ့တာပဲကို။

ရေပူစမ်းထဲက အပူချိန်က အလွန်အားပြင်းလွန်း၍ ခဏလေးအတွင်းတွင် လင်ရှန်းမျက်နှာတစ်ခုလုံးနီရဲလာတော့သည်. သူမရဲ့ကြွက်သားမျှင်တွေအကုန်လုံးပင် သက်တောင့်သက်သာရှိသွားပြီးတော့ သူမရဲ့သွေးကြောတွေတောင် အလွန်ချောမွေ့စွာ စီးဆင်းသွားတော့သည်. လင်ရှန်းတစ်ယောက် အလွန်ထူးကဲကောင်းမွန်စွာ ခံစားနေရပါတယ်။

ထိုအချိန်အခိုက်အတန့်တွင်​တော့ အနာဂတ်မှလာတဲ့လူဖြစ်သော လင်ရှန်းတစ်ယောက် သူမရဲ့ရေချိုးတိုင်းတွင် ဆိုလေ့ရှိသော သီချင်းကို တေးသီဆိုနေလိုက်ပါတယ်-"ငါ ရေချိုးရတာ အရမ်းကြိုက်! ငါ့စိတ်ထဲ နေလို့ကောင်း! လာ. လာ.လာ...!!!!!"

သူမစိတ်ကူးထဲတွင်တော့ အနာဂတ်၏သိပ္ပံဥပဒေက- 'အဓိကဇာတ်လိုက်က အနာဂတ်က သီချင်းကို သီဆိုလိုက်တာကို အမျိုးသားဇာတ်လိုက်က ကြားသွားပြီ. အဲဒါက အမျိုးသားဇာတ်လိုက်ကို တုန်လှုပ်ခြောက်ခြားသွားပြီးတော့ အဲဒီကနေစပြီးတော့ အမျိုးသားဇာတ်လိုက်က ငါတို့ကို သေလောက်အောင်ကို ပိုင်းပိုင်းဖြစ်သွားအောင်လုပ်တဲ့အထိ..... အဓိကအမျိုးသမီးဇာတ်လိုက်ကို ပိုပြီးတော့ပိုပြီးတော့ချစ်တော့မယ်!'

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now