အပိုင်း[၁]

Start from the beginning
                                    

တံခါးသည် ဖြည်းညင်းစွာ ပိတ်သွားပြီး သတို့သမီးအခန်းထဲတွင် ဝမ်း​မြောက်ဝမ်းသာ​သည့် လက်ထပ်ပြီးခါစ ​ဇနီး​မောင်နှံသာ ကျန်ရစ်ခဲ့သည်။

ပတ်ဝန်းကျင်​နေရာက တိတ်ဆိတ်သွားပြီး တ​စ်နေ့လုံး​တောင့်တင်း​နေ​သော လင်းချင်ယု​နောက်​ကျောသည် ​နောက်ဆုံးတွင် ​ပြေ​လျော့သွားသည်။သူ့ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး သတို့သမီး မျက်နှာလွှာမှာ ချိတ်ဆွဲထားသည် ပန်းဖွားများက သူနှင့်အတူ ယိမ်းနွဲ့​နေသည်။

သတို့သမီးမျက်နှာလွှာ ဝတ်ဆင်ခြင်းသည် တကယ် အဆင်မ​ပြေ​ပေ။အမျိုးသမီး သတို့သမီးက လက်ထပ်​သောအခါတွင် သူမ​ခေါင်း​ပေါ်က သတို့သမီး မျက်နှာလွှာကို သူမခင်ပွန်းမှ မတင်​ပေးရသည်။၎င်းသည် အမျိုးသားသတိုးသမီးကို လက်ထပ်​သောအခါတွင်လဲ ဒီလိုမျိုးဖြစ်သည်ဟု ယူဆရသည်။

သို့​သော် သူ့ခင်ပွန်းက ဒါကို မစွမ်း​ဆောင်နိုင်မှာကို သူ​ကြောက်ရွံမိသည်။

သူ..."ခင်ပွန်း။"

လင်းချင်ယု သူ့လက်ကို​မြှောက်လိုက်ပြီး သတို့သမီး မျက်နှာလွှာကို ကိုယ်တိုင်ဖယ်လိုက်သည်။သူ့အမြင်အာရုံက ​နောက်ဆုံးပွင့်လာခဲ့သည်။သူ ပတ်ပတ်လည်ကိုကြည့်လိုက်​တော့ အ​ရောင်​ဖျော့​သော ပိတ်ကျဲလိုက်ကာနှင့် အ​နီ​ရောင်အဖုံးနှင့် ​​နွေး​ထွေး​သော​စောင်ရှိသည်။​နောက်ဆုံး သူအာရုံကို ကုတင်​ပေါ်မှာအိပ်​နေတဲ့လူစီ ​လှည့်လိုက်သည် - နန်အန်စံအိမ်၏ သခင်ငယ်​လေးဟို၊ လုဝမ်ချန်။

ဖ​ယောင်းတိုင်မီး​အောက်တွင် လင်းချင်ယု လုဝမ်ချန်ကို အမူရာမရှိဘဲ အကဲဖြတ်လိုက်သည်။

လုဝမ်ချန်သည် ကြက်​သွေး​ရောင် မင်္ဂလာဝတ်စုံကို ဝတ်ထားသည်။သူ့မျက်ခုံး​တွေက အ​ဝေးက​တောင်တန်း​တွေလိုဖြစ်သည်။သူ့မျက်​တောင်​တွေကလဲ ရှည်လျားထူထဲပြီး သူပါး​တွေက ချိုင့်ဝင်​နေပြီး သူ့နှုတ်ခမ်းကလဲ စာရွက်ကဲ့သို့ ဖြူ​​လျော်​နေသည်။သူမျက်ခုံး​တွေက တင်းတင်းကျပ်ကျပ်ပိတ်ထားကာ ဖျားနာမှု့​ကြောင့် သူ့ခန္ဓာကိုယ်က ကျိုးပဲ့နေပင်မဲ့ အလွန်ကြည့်​ကောင်း​သော အသွင်အပြင်ကို လက်​ဆောင်ရထားသည်ဆိုတာ ​တွေ့မြင်နိုင်သည်။

ငါးဆားနယ်ကို သုံးကြိမ်လက်ထပ်ခြင်း《三嫁咸鱼》Where stories live. Discover now