''အကို မှာထားတာ ရပါပြီ''

''ထားခဲ့လေ''

ကောင်လေးသည်ကော်ဖီကိုထားကာထွက်သွားသည်။
တစ်ဆိုင်လုံးသည်ပန်းနုရောင်လေးများဖြင့် နုငယ်နေသည်။လီလီပန်းကလေးတွေကလည်းဆိုင်နေရာအနှံ့အပြားမှာ အလှဆင်ထားသည်။ဒီဆိုင်ကတစ်လကိုပန်းတစ်မျိုး အလှဆင်တတ်သည်။သူဟိုတစ်ခါလာတုန်းက ချယ်ရီ ပန်းတွေအပြည့်။တစ်ဆိုင်လုံးမွှေးကြူနေတာ အံ့မခန်းပင်။

ပန်းနုရောင်တွေနဲ့ချည်းနူးညံ့နေတဲ့ဆိုင်လေးထဲသို့ အမည်းရောင်တွေချည်းဝတ်ဆင်ထားတဲ့ကောင်လေးတစ်ယောက်သည် ခပ်လှလှအမျိုးသမီးတစ်ဦးရဲ့ခါးကိုဖက်ကာဝင်သည်။

သေချာပါသည်။ဒါသူ့ရဲ့ သူငယ်ချင်းလေးပင်။ သူ့ကိုမြင်တာတောင် တမင်မမြင်ချင်ယောင်ဆောင်ကာ သူ့ရှေ့က မျက်နှာချင်းဆိုင်ဝိုင်းတွင်ဝင်ထိုင်သည်။သူငယ်ချင်းတွေက အဲ့လိုပဲ နှုတ်ဆက်ဖော်မရဘူးလား။
ကိုယ်ကလည်းကိုယ့််သိက္ခာနဲ့ကိုယ်မို့ နည်းနည်းလေးတောင် ပြန်မကြည့်ဖြစ်လိုက်တော့။
ပိုက်ဆံရှင်းကာ လိုအပ်တာများဝယ်ရန် ကုန်စုံဘက်သို့ လျှောက်လာခဲ့မိသည်။Hyungမှာတာကအနည်းငယ်ပင်။သူလည်းလိုအပ်သည်များကိုဝယ်ကာ ကားရှိရာသို့ပြန်လာခဲ့သည်။
ဘယ်အချိန်ကဘယ်လိုရောက်လာမှန်းမသိတဲ့အဖြူရောင်ကားလေးရှေ့က အနက်ရောင်သူငယ်ချင်းလေး။

''ဖယ်...ကိုယ့်ကားရှေ့က''

''ဟော...Jiminအသံက တင်းမာနေတာပဲ နေပါဦးကျွန်တော့်ကိုပစ်ထားပြီး ဘယ်သူတွေနဲ့လစ်နေလို့ ကျောင်းမှာမတွေ့ရတာလဲ''

''မင်းကိုတွေ့မှာဆိုးလို့ တမင်မတက်တာ''

''ကျွန်တော် အခုJiminနဲ့လိုက်ချင်လို့ ကျွန်တော့်ကားက''

''ဟိုကောင်မလေးကိုပေးလိုက်တယ်မလား မခေါ်နိုင်ဘူး ဖယ်''

အင်္ကျီစကိုဆွဲကာ ကားရှေ့က အတင်းဖယ်ခိုင်းနေသော အသေးလေးသည် တကယ်ပင် အသည်းယားစရာကောင်းလှသည်။
စူထားခြင်းမဟုတ်တာတောင် အနည်းငယ် စူနေသော နှုတ်ခမ်းလေးက သူ့အတွက် အသက်ရှူရပ်တန့်ရခြင်းအကြောင်းရင်းတွေ။
စမတ်ကျကျဝတ်ဆင်ထားပုံကို ကြည့်ရတာ သူဒီနေ့ Companyသွားခဲ့သည်ထင်ပါသည်။
ပိုထူးခြားသည်က မျက်နှာပေါ်က ပါဝါမျက်မှန်လေးဖြစ်သည်။Park Jiminက ဘယ်လိုရှုထောင့်က ဘယ်လိုကြည့်ကြည့် ဘယ်လိုအနေအထားနဲ့ဖြစ်ဖြစ် သေရလောက်အောင်လှနေသည်။
ဝန်ခံပါသည် သူတွဲခဲ့ဖူးသော ကောင်မလေးတွေသည် Park Jiminလောက်မလှ။

Light on meWhere stories live. Discover now