120. နောက်ထပ်ဖြစ်ရပ်တစ်ခု(2)

Start from the beginning
                                    

“မင်းလက်က အရမ်းအေးနေတယ်။ နောက်မှနေမကောင်းမဖြစ်အောင် အခု ဆေးသောက်တာ ပိုကောင်းတယ်"

မို့ရွှမ်မင်၏ အပြုံးသည် နွေဦး၏ မြစ်ရေကဲ့သို့ နူးညံ့သိမ်မွေ့ကာ စိုးရိမ်ပူပန်မှုရှိပြီး နူးညံ့သည်။

သူမက မို့ရွှီတုန်းကို မိုလန်အားပြန်လာစေလိုကြောင်း အခိုင်အမာပြောဆိုခဲ့သည် ။

မို့ရွှီတုန်းသည် သူမ၏ မျက်ခုံးများကို ပေါ့ပေါ့ပါးပါး မြင့်တင်လိုက်ပြီး မှုန်မှိုင်းစွာ ပြုံးလိုက်သည်။ မို့ရွှမ်မင်ရဲ့ ဇာတ်ကွက်က တကယ့်ကို အသေးစိတ်ကျပါတယ်။ အဒေါ်ဖန်သည် ချင်းဝေ့ဥယျာဥ်သို့သွားပြီးနောက် မို့ရွှမ်မင်သည် မို့ရွှီတုန်း၏ အိမ်အကူများအာ ပြန်ပို့ရန် ပြောဆိုခဲ့သည် ။ ဘာတွေများ ဖြစ်လာနိုင်မလဲ ။ သူမ၏ယခင်ဘဝတွင်လည်း အဒေါ်ဖန်သည် မမွေးသေးသောကလေးကို နောက်ဆုံးတွင် ဆုံးရှုံးခဲ့ရကြောင်း သူမ သတိရမိသည်။

အကြောင်းအရင်းက အဒေါ်ချင်းကြောင့် ဖြစ်သည်လို့ သူမကြားခဲ့ရတယ် ။ဒီဘဝမှာတော့ သူမဒီလိုမထင်တော့ပါဘူး ၊ သူမပြန်လည်မွေးဖွားပြီးနောက် အဒေါ်ဖန်၏ကလေးပျက်ကျခြင်းရလဒ်က သူမကြောင့်ဆိုပြီး ဖြစ်လာမှာသေချာသည် ။

မည်သို့ပင်ဆိုစေကာမူ အဒေါ်ဖန်သည် မမွေးသေးသောကလေးအား သူ့ကိုယ်ပိုင်အကျိုးအတွက် အသုံးချခဲ့သည်လား ၊  ဒီလို ရက်စက်တဲ့ မိန်းမက ကလေးယူဖို့ မထိုက်တန်ပါဘူး။ 

မို့ရွှီတုန်းသည် အချိန်အတော်ကြာ စကားမပြောသည်ကို မြင်သောအခါ မိုရွှီတုန်း ချီတုံချတုံ ဖြစ်နေသေးသည်ဟု ဝမ်ရီလန်က တွေးလိုက်သည်။ 

"တတိယမြောက်သခင်မလေးမို ၊ မင်းရဲ့ အိမ်အကူကို လွှတ်လိုက်တာ ပိုကောင်းပါတယ်။ ငါတို့ ဟိုမှာ ဖြည်းညှင်းစွာ လမ်းလျှောက်နေမှာမို့ သူမအမီလိုက်နိုင်ပါလိမ့်မယ်၊ ဒါဆို ငါတို့ကြောင့် မင်း မပင်ပန်းရတော့ဘူး "

သူမတို့သည် ဧည့်သည်များဖြစ်ပြီး သူတို့ကို ဧည့်ခံသည့် မိသားစုမှ အမျိုးသမီးငယ်သည် သူမတို့နှင့် အတူလိုက်ခဲ့၍ နာမကျန်းဖြစ်ခဲ့သည်ဆိုပါက ရှင်းပြရန် ခက်ခဲမည်ဖြစ်သည်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now