119. နောက်ထပ်ဖြစ်ရပ်တစ်ခု

Start from the beginning
                                    

"ပထမသခင်လေးမို့ ၊ တတိယသခင်မလေးမိုရဲ့ ခြံဝင်းက အရမ်း ဝေးတယ်။ တခြားသူတွေ သွားလည်ဖို့ အဆင်မပြေဘူး။" 

အသက် 15 နှစ်အရွယ် ဝမ်မင်လိသည် တိုက်ရိုက်ပြောဆိုတတ်သူဖြစ်ပြီး ပွင့်လင်းစွာ ပြောဆိုခဲ့သည် ။ မို့ရွှမ်မင် ၏ မျက်နှာတွင် အဆင်မပြေသော အမူအရာကို သူ မတွေ့လိုက်ရပေ။ 

"သခင်လေးဝမ်က ဒါကို မသိပေမယ့် ဒီနေရာကို ရွေးတဲ့သူက အဒေါ်ဖန်ပဲ၊ တတိယညီမက အေးအေးဆေးဆေး နေရတာကို ပိုကြိုက်တယ်၊ ဒါကြောင့် သူမက ခပ်ဝေးဝေးမှာနေရတယ်။ ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။"  မို့ရွှမ်ချောင်သည် ယခုအချိန်တွင် မို့ရွှမ်မင်ကို အမှန်တကယ် မကြိုက်ဘဲ သူမအား ရွဲ့စောင်း ဂျီဘီလုပ်ခဲ့သည်။ 

ဝမ်မင်လိက တစ်စုံတစ်ခုကို ထပ်မေးချင်သော်လည်း သူ့အစ်မက သူ့အင်္ကျီလက်ကို ဆွဲကိုင်လိုက်သောအခါတွင် သူသဘောပေါက်လာသည်။  သူက ချက်ချင်း ခြောက်သွေ့ရယ်မောကာ တခြားဘာမှ ပြန်မပြောတော့ပေ ။

မို့အိမ်တော်အကြောင်းကိုလည်း သူကြားသိခဲ့ရသော်လည်း အစောပိုင်းက ဂရုမစိုက်ခဲ့ပေ။ ကိုယ်လုပ်တော်တစ်ယောက်က တရားဝင်သမီးလေးကို  ကောင်းကောင်းမဆက်ဆံနိုင်ဘူး ။ ဒါကြောင့် အဒေါ်ဖန်က မို့ရွှီတုန်းကို အိမ်ထောင့်နားက အခန်းတစ်ခုမှာ ထားရတာ ပုံမှန်ပါပဲလေ ။

အခု အခြေအနေက နည်းနည်း အဆင်မပြေဖြစ်လာကာ ဝမ်ရီလန်က မို့ရွှမ်မင်ကို ပြုံးပြီးပြောတယ် "တတိယသခင်မလေးရဲ့ ကျန်းမာရေးက အမြဲတမ်း ညံ့ဖျင်းတယ်လို့ တို့ကြားတယ်။ သူမကို ဆောင်းရာသီမှာ တကယ်ကို ဂရုစိုက်ပေးဖို့လိုတယ် ။ တို့မှာ ကျန်းမာရေးမကောင်းတဲ့ ဝမ်းကွဲတစ်ယောက်ရှိတယ် ။ သို့သော်လည်း သူမရဲ့ ကျန်းမာရေးက ပို၍ပင် ဆိုးရွားလာခဲ့တယ် ။ သူတို့က တကယ်ကို နေရောင်ပိုခံရမယ်။"

"မှန်ပါတယ်။ တို့ရဲ့ တတိယညီမကတော့ အမြဲတမ်း ကျန်းမာရေးချို့တဲ့နေပါတယ်။ ဆုံးပါးသွားပြီးဖြစ်တဲ့ သူမမွေးမိခင်ကို လွမ်းဆွတ်ပြီး ပိုမိုနာမကျန်းဖြစ်လာခဲ့တယ် ။ နောက်တော့ သူမ နေမကောင်းလို့ မထနိုင်ဘဲ တိမ်တိုက်မြို့မှာ ကျန်ရစ်ခဲ့ရတယ်။ အဖွားအိမ်မှာ ထားခဲ့ဖို့ကလွဲလို့ ဖေဖေမှာ ရွေးချယ်စရာမရှိတော့ဘူး။ သူမက အခု နည်းနည်းသက်သာပေမယ့်လည်း သူ့ကျန်းမာရေးက ညံ့တုန်းပဲ။” မို့ရွှမ်မင်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ သူမ၏မျက်နှာပေါ်တွင် စိုးရိမ်မှုအရိပ်အမြွက်ပြနေသည်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now