ယွမ်ရှင်းကျဲပြောသည်ကို ကြားလိုက်ရသောအခါ အားလုံး၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များကို တွေ့လိုက်ရသည်။

ချန်းယွမ်က မျက်မှောင်ကြုတ်ပြီး အချိန်အတန်ကြာသည်အထိ စဉ်းစားနေခဲ့သည်။ သူ ငြင်းဆန်တော့မည်ဟုပင် ယွမ်ရှင်းကျဲတွေးလိုက်မိသည်။

" စိတ်မကောင်းပါဘူး..."

ယွမ်ရှင်းကျဲ စိတ်ပျက်သွားမိသည်။ ချန်းယွမ်ကို စည်းရုံးတော့မည့်အချိန်မှာပင် သူက ဆက်ပြောလာသည်။

" ငါတို့ဘက်က ဂရုတစိုက်မတွေးခဲ့မိလို့ မင်းကို ဒီကိစ္စအတွက် မြန်မြန်မကူညီပေးနိုင်ခဲ့ဘူး... အင်ပါယာမက်ခါသုတေသနဌာနက နိုင်ငံရေးနဲ့ဆိုင်နဲ့ကိစ္စတွေမှာ တစ်ခါမှ ဝင်မပါခဲ့ဖူးပေးမယ် မင်းအတွက်၊ အိုမီဂါတွေအားလုံးရဲ့ အနာဂတ်အတွက်နဲ့ အင်ပါယာက မက်ခါတွေအားလုံးအတွက်ဆိုရင်တော့ ငါတို့ ဒီစည်းမျဉ်းကို ချိုးဖောက်ပေးနိုင်ပါတယ်..."

ကျင်းရွှမ်ကလည်း မျက်ဝန်းထဲတွင် ဆုံးဖြတ်ချက်ခိုင်မာသော အကြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

" ရှင်းကျဲ မင်းမတော်တဆ ဖြစ်ကတည်းက ငါတို့ ဒီကိစ္စကိုလုပ်ဖို့ တွေးမိတယ် ... ဒါပေမဲ့ မင်းဘယ်သူဘယ်ဝါဆိုတာ သိသွားပြီး မင်းလုပ်နေတဲ့ သုတေသနကို အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့ အချိန်တစ်ခုအထိ မလုပ်ခဲ့တာပါ... အခုတော့ အချိန်တန်ပြီဆိုတော့ မင်းအသက်ရှုချောင်အောင် ငါတို့ကူညီပေးရမယ့်အချိန်ရောက်ပြီ..."

ယွမ်ရှင်းကျဲက လူအုပ်ကြီးကို မှင်သက်စွာကြည့်နေလိုက်ပြီးနောက် တအံ့တဩဖြင့် ရေရွတ်လိုက်သည်။

" တ... တကယ် လုပ်ချင်ကြတာလား..."

သူ့အသံထဲတွင် အံ့အားသင့်မှုများ ပါဝင်နေသည်။

" မင်းက မက်ခါသုတေသနဌာနအတွက် အများကြီးလုပ်ပေးခဲ့တာပဲ... ငါတို့ မင်းတစ်ယောက်တည်းကို မတိုက်ခိုက်ခိုင်းပါဘူး..."

ချန်းယွမ်က ယွမ်ရှင်းကျဲကိုကြည့်ကာ ပြောပြလိုက်သည်။

ယွမ်ရှင်းကျဲ၏နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခု ဖြတ်သန်းစီးဆင်းသွားသည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now