လူစုလူဝေးနဲ့ဆူညံနေတဲ့ကျောင်းကားပါကင်သို့Jimnလည်းရောက်လာသည်။အရှေ့မှာမြင်ကွင်းက နှုတ်ခမ်းပါးလေး ဖွင့်ဟသွားတဲ့အထိအံ့သြသွားတော့သည်။

ဘုရား....။

မနက်ကကျောင်းသားကတကယ်ပင်လုပ်ချသွားတာ။သိနေရက်နဲ့တောင်ဇွတ်တိုးဝင်တဲ့ထိုလူနှစ်ယောက်ကိုပင်စိတ်ထဲမှအပြစ်တင်မိသည်။သိရက်နဲ့မိုက်မဲလိုက်ကြတာ။

Jiminရမ်းကားတဲ့သူကိုရှောင်ရမည်။ပြဿနာဆိုတာမဖြစ်ခင်ကတည်းကကြိုရှောင်ထားတာအကောင်းဆုံးပဲဖြစ်သည်။Jeon Jung Kookအပိုင်တွေကိုသွားမထိရင်ရပြီဖြစ်သည်။
ပစ္စည်းတွေကိုတန်ဖိူးထားတတ်တဲ့Jiminကကားတစ်စီးလုံးစုတ်ပျက်နေတာကိုမမြင်ချင်တော့တာမို့လှည့်ထွက်လာသည်။

''တော်တော်ကြောက်စရာကောင်းတဲ့သူ''

''မင်းဘယ်သူ့ကိုပြောတာလဲ''

''ကားကိုဖျက်ဆီးတဲ့.....အယ်... ဘယ်သူ့ကိုမှမပြောပါဘူး''

မနက်ကအတန်းထဲထိရောက်လာသောJiminရှောင်ရမည့်ကျောင်းသားသည်ထိပ်တိုက်ပင်သူ့ရှေ့ကိုရောက်လာလေခြင်း။ပြောမည့်ဆဲဆဲစကားလုံးတွေက ထွက်ကျမလာ။

''မင်းတောင်ဒီလောက်လန့်နေရင် ဟိုကောင်တွေဆိုပိုသွေးပျက်နေလောက်ပြီ ဟား ဟား ဟား....''

အားရပါးရရယ်မောနေသူအားရှောင်ထွက်လာခဲ့သည်။Jimin၏ကားလေးသည်ပါကင်၏အစွန်ဆုံးနေရာတွင်ပိုင်ရှင်အားစောင့်ကြိုနေသည်။ဘေးမှပြိုင်ကားအနီရဲရဲသည်တောက်ပနေတာကြောင့်သူ့ကားလေးတောင်အရောင်မှိန်သွားသလို။

ပုံမှန်အတိုင်းမြို့အစွန်ဆုံးကအိမ်လေးဆီသို့ကားလေးငြိမ့်ငြိမ့်မောင်းကာထွက်လာတော့သည်။ကျန်ခဲ့သောပြဿနာပွဲလည်းသူ့ခေါင်းထဲတွင်မရှိတော့။ရန်ဖြစ်နေကြမလား။ထိုးသတ်နေကြမလား။ဒါမှမဟုတ် တစ်ယောက်ယောက်ကထိုမြင်ကွင်းအားလှောင်ပြောင်နေမလား။ဆက်မတွေးချင်တော့ပါ။

>>>>>>>>>>>>>>>>>>>>>>>>

''ဟို့တစ်ပတ်ကပြဿနာဖြစ်တယ်ဆို''

''အင်း...Hanaကို လာထိလို့''

''အက်လောက်ထိမလုပ်သင့်ဘူးလေ''

Light on meWhere stories live. Discover now