''ကြောက်စိတ်ကိုပဲဖယ်လိုက်တာပါစိတ်မပူပါနဲ့ သူမှတ်မိမှာပါ တကယ်လို့သူမမှတ်မိတော့ရင်အားတင်းလို့ရအောင် နားလိုက်ပါSeok Jin မင်းပြန်ကြိုးစားလို့ရတယ်လေ သူမှတ်မိမှာပါ''

Drကအားပေးစကားပြောကာထွက်သွားတော့သည်။သူကဒီနေ့Flightနဲ့ဆိုးလ်ကိုပြန်မည်လေ။ဟိုမှာကဆေးရုံကိုခွင့်အနည်းငယ်သာယူထားတာမို့ အားနာလှကာ စောစောပြန်ခိုင်းခဲ့ခြင်းပင်။Drလည်းသိပ်ပင်ပန်းလှပြီ။
Jiminဘာလေးပဲတောင်းဆိုဆိုမငြိုငြင်ပဲအကုန်ဖြည့်ဆည်းပေးခဲ့တဲ့သူ။တက္ကသိုလ်ကျောင်းသားဘဝထဲကJiminလေးကိုဂရုတစိုက်ရှိလှတာ။အမြဲတမ်းတစ်ပြုံးပြုံးနဲ့Dr Kim Nam Joonကသူတို့ရဲ့အရင်းနှီးဆုံးဆွေမျိုးသားချင်းလိုပင်ဖြစ်နေတတ်သည်။

ဆိုးလ်ရောက်ပီးနှစ်ရက်ခန့်မျှသာကြာသေးသည်Jiminအခုထိသတိမရသေးဘူးဟုခနခနဖုန်းဆက်အကြောင်းကြားနေသူကြောင့်အလုပ်များနေသည့်ကြားမှ​ဖြေရှင်းချက်အမျိုးမျိုးပေးနေရသည်။ငိုသံပါပါနဲ့အမြဲပြောတတ်သူကနည်းနည်းကလေးတောင်အားမတင်းနိုင်ခဲ့ပေ။

''အက်လိုပဲနည်းနည်းစောင့်ရတယ် စိတ်မပူပါနဲ့ဗျာ ကျွန်တော် မအားသေးလို့Dutyပြီးရင်ပြန်ဆက်လိုက်ပါ့မယ် ခင်များလည်းအားဆေးသောက်ဦး''
တစ်ဖက်မှလူသည်ဖုန်းကိုကမန်းကတန်းချသွားတော့သည်။

''Hyungဘယ်သူနဲ့ပြောနေတာလဲဟင် ကျွန်တော်ခေါ်နေတာကြာလှပီ''

အနောက်ဘက်ဆီကအသံလေးကြောင့်လှည့်ကြည့်မိတော့အိပ်ရာထက်ထိုင်နေသောကောင်လေး။

''သတိရပြီလား JiminကHyungကိုမှတ်မိတယ်လား''

''ကျွန်တော်ခါတိုင်းလိုဆေးရုံတက်ရတာပဲမဟုတ်လား ''

သူဒီကိုလာတဲ့အကြောင်းရင်းကိုတောင်မေ့သွားပုံရသည်။ဟိုဒီဝေ့ဝဲကြည့်ရင်း

''အရင်ဆေးရုံလည်းမဟုတ်ဘူး''

''ဟုတ်တယ် ဒါကအမေရိကားမှာလေ Jiminတအားဆိုးလို့ ဒါပေမယ့် အခုအကုန်ကောင်းသွားပါပီ Hyungကလေးလေးနေကောင်းသွားပါပီ''

မျက်ရည်တွေဝိုင်းလာကာဖက်လိုက်တဲ့Seok Jin Hyungကြောင့်သူအံ့သြသွားသည်။Hyungကငိုနေတာပဲ။ကျောလေးကိုဖွဖွသပ်ပေးကာအငိုတိတ်အောင်ချော့မြူနေသောလူနာလေးသည်တစ်စုံတစ်ယောက်ကိုမေ့နိုင်သွားပြီလို့ထင်ပါတယ်။

Light on meWhere stories live. Discover now