အပိုင်း(၄၁)

Start from the beginning
                                    

အင်ပါယာဘုရင်မင်းမြတ်က

လိန်ဖန်ကို ဆယ်စုနှစ်တစ်စုစာလောက် စိတ်အနှာက်အယှက်ပေးနေသော ပြဿနာတစ်ခုဖြစ်တဲ့ တောင်ပေါ်ဓားပြတွေနှင့် အငြင်းပွားဖွယ်ရာ သဘောထားကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့သာ အလိုရှိခဲ့တာဖြစ်သည်။

တော်ဝင်အမိန့်ပြန်တမ်းထုတ်ပြန်လိုက်လျင်ချင်းတွင် လိန်ဖန်က စကားပြောဆိုရန်အတွက် မြို့တော်သို့ နောက်ထပ်တစ်ဖန်ရောက်လာခဲ့သည်. ထပ်ပြီးတော့လဲ လိန်ဖန်က အလွန့်အလွန်ကိုပင် အလုပ်များလာခဲ့ပါတယ်. ဘာကြောင့်လဲဆိုတော့ စစ်သည်​တော်အ​​ဖြစ်စာရင်းသွင်းထားတဲ့ လျှောက်လွှာအရေအတွက်တွေကို စစ်ဆေးကြည့်ရှုရတာနှင့် ဂိုဏ်းအဖွဲ့များ၏ အနာဂတ်အစီအစဉ်များနှင့် စပ်လျင်း၍​သော်၎င်း ဆွေးနွေးမှုတွေလုပ်ဆောင်ရခြင်း အပါအဝင်ပင် အမျိုးမျိုးသောတာဝန်တွေအတွက် သူက တာဝန်ရှိတဲ့သူတစ်ယောက်ဖြစ်လို့ပါပဲ။

လိန်ဖန် က အဆက်မပြတ်ပင် လှုပ်ရှားသွားလာ ဆောင်ရွက်နေရပါတယ်. သူမှာ စားသောက်ဖို့တောင်မှ အချိန်မရှိခဲ့ပါဘူး။

အကျိုးရလဒ်တစ်ခုအဖြစ်နဲ့က​တော့ ချိုမြိန်သောအချစ်၏ ပထမဆုံးအရသာကို တွေ့ကြုံခံစားလိုက်ရတဲ့ လင်ရှန်းတစ်ယောက်မှာတော့ ပစ်ပယ်ခံလိုက်ရပြီး အထီးကျန်နေခဲ့ရရှာပါတယ်. သူမက စိတ်မချမ်းမသာဖြစ်၍ အပျော်အိမ်သို့ သွားချင်နေခဲ့ပါတယ်. သို့သော်လည်း လိန်ဖန်က ငြင်းပယ်လိုက်သည်. သူ့ရဲ့အကြောင်းပြချက်ကတော့ သူဟာ အပျော်အိမ်တစ်ခုကို မသွားနိုင်လို့ပါပဲ။ ဒါပေမယ့်လဲ သူက

အန္တာရာယ်များလွန်းသော ယောက်ျားကြီးတွေကိုသာ ကြည့်ရှုနေရသည်။

အချိန်ခဏကြာတဲ့အထိ တွေးကြည့်ပြီးတဲ့နောက် တစ်ရက်တွင်တော့ အသိတရားတစ်ခုက

လင်ရှန်း ခေါင်းထဲကိုဝင်လာခဲ့သည်။

'ဘာလိုဝဋ်ကြွေးကြောင့်များလဲ? ဘာအတွက်နဲ့ ငါက ဘာလို့ ဒီလိုမျိုး လိုက်နာနေရမှာလဲ။ ငါ တိတ်တိတ်လေး သွားကြည့်လိုက်မယ်!! တကယ်လို့ မိန်းကလေးတစ်ယောက်အနေနဲ့ အရမ်းသိသာနေရင် ငါ ယောက်ျားလေးတစ်ယောက်လိုမျိုး ဝတ်သွားလိုက်ရုံပဲလေ! လင်ရှန်း.. အိုး.. လင်ရှန်းရယ်. ယောက်ျားတစ်ယောက်က သူက အရမ်းချောလွန်းနေတာကြောင့်ရယ်နဲ့ နင့်ကိုနင် ချုပ်ကိုင်ခွင့်​ပေး​ဖို့ကို ခွင့်မပြုလိုက်နဲ့လေ. ယောက်ျားလေးတစ်ယောက်ဆိုတာ အမြဲတမ်းသူ့ရဲ့လမ်းကြောင်းအတိုင်း မရရဘူးလေ!

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now