အဆိုးဆုံးမှာ မုန့်ဖုတ်ဆိုင်များဖြစ်သည်။
ယွင်လင်သည် တစ်ကြိမ်က ထိုဆိုင်များကို ပစ်မှတ်ထားခဲ့ဖူး၏။ သို့သော် ပထမဆုံးနေ့၏ အချိန်က အကန့်အသတ်ရှိပြီး သူမတွင် လုပ်စရာအလုပ်များစွာ ရှိလေရာ အချိန်မီ လှုပ်ရှားနိုင်ခြင်းမရှိခဲ့ပေ။ သူမ ယခု ဖြတ်သွားသည့်အခါ ပန်းကန်များက ပျက်စီးနေခဲ့ပြီး ကုန်ကြမ်းပစ္စည်းများကလည်း လုယက်ယူငင်ခံထားရသည်ကို မြင်လိုက်ရကာ ဗလာနတ္ထိဖြစ်နေသည့် နွားနို့သေတ္တာအချို့က မြေပြင်ပေါ်၌ ပြန့်ကျဲနေသည်။
သူမက အတွင်းအပြင်ကို ကြည့်လိုက်သည်။ အသုံးဝင်သည့်အရာဟူ၍ မည်သည်မှ မကျန်ရှိခဲ့ပေ။
ယွင်လင်က ခေါင်းကို ခါယမ်းလိုက်ရင်း ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။**
အချို့လူများတွင် အစားအသောက်သိုလှောင်တတ်သည့် အကျင့်မျိုးရှိပြီး သူတို့၏ အိမ်များထဲတွင် ဆန်များ၊ ပန်းများ၊ဆီ၊ အေးခဲအသားများနှင့် မုန်ညင်းဂေါ်ဖီများကို သိုလှောင်ထားကြသည်။
အချို့လူများက လတ်ဆတ်သော အစားအသောက်များကို စားသောက်ရသည်အား ကြိုက်နှစ်သက်ကာ စူပါမားကတ်မှ လတ်ဆတ်သော အစားအစာများကို တစ်နေ့ချင်း ဝယ်စားတတ်ကြသည်။
ဖန့်ရွှီက ထိုကဲ့သို့သော လူများထဲမှ တစ်ယောက် ဖြစ်သည်။
သူက အိမ်တွင် အစားအသောက်များစွာ သိုလှောင်ထားရန် မလိုအပ်ဟု အမြဲတမ်း တွေးထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူနေသော ရပ်ကွက်၏ ဘေး၌ စူပါမားကဆ်တစ်ခုရှိသည်။ထိုနေရာသို့ ငါးမိနစ်ခန့်သွားလျှင် ရောက်နိုင်ပြီး သူက စားချင်တာမှန်သမျှကို ဝယ်ယူနိုင်ပေသည်။
သို့သော် အပြောင်းအလဲများ ဖြစ်လာသည့်အခါ အခြားလူများက သူတို့၏ တံခါးများကို တင်းတင်းကြပ်ကြပ်ပိတ်ကာ အိမ်အတွင်း၌ ပုန်းနေရင်း စစ်တပ်မှ လာရောက်ကယ်ဆယ်မည်အား စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ကြသည်။ သို့သော် သူက သူ၏ အစားအသောက်များ အားလုံးကို စားသောက်ခဲ့ပြီးဖြစ်ရာ အသက်အန္တရာယ်ကို စွန့်စား၍ အပြင်ထွက်လာခဲ့ရပေသည်။
![](https://img.wattpad.com/cover/343818101-288-k696158.jpg)
YOU ARE READING
ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)
Fantasyယွင်လင်၊ လုချွမ်း မူရင်းစာရေးသူ - ချင်းယွင်တန့်(သန့်)
(၁၃) စူပါမားကတ်
Start from the beginning