(၉) ညရောက်ရှိလာခြင်း

Comincia dall'inizio
                                    

တခဏကြာပြီးနောက် ချန်းဟန်က ပြန်ဆင်းလာပြီး လက်တစ်ဖက်စီတွင် အိတ်တစ်အိတ်စီ သယ်လာခဲ့၏။ "မင်းရဲ့ နေရာက ဝေးလား။ ကျုပ် မင်းကို ကူပြီးသယ်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။"


ယွင်လင်က ချန်းဟန်ကို စိုက်ကြည့်လိုက်ပြီးမှ ပြောလိုက်၏။ "ဒီနားလေးတင်ပါ။ သုံးမိနစ်လောက် လမ်းလျှောက်ရင် ရောက်တယ်။"


ချန်းဟန်က ပိုပြီးတော့ပင် စိတ်ဝင်စားလာ၏။ "မင်းက မိန်းကလေးတစ်ယောက်တည်း။ ဒိုင်းကြီးကိုလည်း သယ်ထားသေးတယ်။ ဆန်နဲ့ဂျုံအိတ်ကို သယ်ဖို့ဆိုတာ မင်းအတွက် အဆင်ပြေမှာ မဟုတ်ဘူး။ လာပါ.. ကျုပ် မင်းကို ပြန်လိုက်ပို့ပေးမယ်။"

ယွင်လင်က မငြင်းပယ်ခဲ့ဘဲ လမ်းပြလိုက်သည်။


ထွက်မသွားခင်၌ ချန်းဟန်က သူ့ဇနီးကို တံခါးနှင့် ပြတင်းပေါက်များကို လော့ခ်ချထားပြီး ဘယ်သူလာလာဖွင့်မပေးရန် မှာခဲ့သည်။ ထို့နောက် သူက ဆန်နှင့် ဂျုံများကို သယ်လာပေးပြီး လမ်းလျှောက်ရင်းနှင့် မေးခွန်းများစွာ မေးခဲ့သည်။

ဥပမာအနေနှင့် စကေးလ်များက ဘာနှင့်တူသလဲဆိုသည်မျိုး။


ဥပမာအနေနှင့် မွန်းစတားများမှ ချပေးသည့် ပစ္စည်းများက ဘာအတွက် အသုံးပြုနိုင်သလဲဆိုသည်မျိုး။


ဥပမာအနေနှင့် ကောင်းမွန်စွာ နေထိုင်နိုင်ရန် ဘယ်လိုလုပ်ရမလဲဆိုသည်မျိုး။


ဂိမ်း၏ အစပိုင်းကာလတွင် သူက တံခါးကို ပိတ်ကာ သူ့ဇနီးနှင့်ကလေးကို ကာကွယ်၍ အိမ်ထဲ၌သာ နေခဲ့သည်။ ၎င်းက လုံခြုံသော်လည်း သူ့တွင် လက်ရှိအခြေအနေနှင့် ပတ်သတ်၍ မည်သည့်ဗဟုသုတမှ မရှိဟု ဆိုလိုပေသည်။ ဆရာကျသည့် ကစားသမားတစ်ယောက်နှင့် တွေ့ဆုံခွင့်ရရန် အခွင့်အရေးက ရှားပါးလေရာ သူက အကူအညီပေးမည်ဟူသော ဆင်ခြေဖြင့် အခြေခံဗဟုသုတများ စုဆောင်းရန် လုပ်ဆောင်ခဲ့ပေသည်။

ချန်းဟန်က သူမအား ကူညီမည်ဟု ပြောလာကတည်းက ယွင်လင်က သူ၏ ရည်ရွယ်ချက်ကို ရိပ်မိပြီး ဖြစ်သည်။

ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)Dove le storie prendono vita. Scoprilo ora