အစ်ကို့အခန်းတံခါးဝကို ဖြည်းဖြည်းချင်းတွန်းဟရင်း ခြေသံမကြားအောင် သူချဉ်းကပ်သည်။ ညအိပ်မီးမဖွင့်ရင် မအိပ်တတ်တဲ့ အစ်ကိုဟာ သူနဲ့ သိပ်ကို တူလွန်းသည်။ အဝါရောင်မီးဖျော့ဖျော့အောက်မှာ အိပ်မောကျနေတဲ့အစ်ကိုက အပြစ်ဆိုဖွယ်ရာမရှိလောက်အောင် အေးချမ်းနူးညံ့လွန်းသည်။ ညအိပ်ဝတ်စုံအပြာရောင်လေးနဲ့ အစ်ကိုဟာ လောကကြီးကို မေ့မျောကာ တစ်ယောက်တည်း လွတ်လပ်ပျော်ရွှင်နေသည်။ သူ ပထမဆုံး စတွေ့ခဲ့တဲ့ပုံရိပ်နဲ့ ခြားနားနေပေမယ့် အစ်ကို့ပင်ကိုယ်အငွေ့အသက်ကတော့ လွတ်လပ်တဲ့ငှက်ကလေးလိုပင်။

" ကျွန်တော့်ကိုကျတော့ ဒီလိုနာကျင်ရအောင်လုပ်ပြီး အစ်ကိုကတော့ ပျော်နေတယ်မလား "

အိပ်ပျော်နေတဲ့အစ်ကို့ပါးပြင်လေးကို သူပွတ်သပ်ရင်း ခပ်တိုးတိုးရေရွတ်မိသည်။

" ကျွန်တော်တို့ ဇာတ်လမ်း ဘယ်ကနေ ပြန်စရမလဲ အစ်ကို "

" ကျွန်တော်သိတာက အစ်ကို့ကို ကျွန်တော် ဆုံးရှုံးမခံချင်ဘူး ... အဲ့ဒါကြောင့် ကျွန်တော့် တစ်ယောက်တည်းပဲ အစ်ကို့ဘဝထဲ ထည့်ထားပေးလို့မရဘူးလားဟင် "

ဂျောင်ကု ဝမ်းနည်းစွာရေရွတ်ရင်း ပါးပြင်လေးကို အနမ်းခြွေမိသည်။ အိပ်ရေးကျနေတဲ့အစ်ကိုကတော့ မနိုးလာပေမယ့် သူ့အထိအတွေ့ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

" ~~ အင်း ~~ "

" ... "

သူနမ်းလိုက်တာကို ယားသွားပုံရတဲ့အစ်ကိုက တစ်စောင်းလှည့်ကာ သူ့ကို ကျောခိုင်းသွားတော့ သူ ခပ်ဖွဖွလေးပြုံးလိုက်မိသည်။

" ချစ်တယ်နော်် အစ်ကို! "

နဖူးကို ခပ်ဖွဖွ ထပ်နမ်းမိတော့ အစ်ကိုက သူ့ဘက်ပြန်လှည့်လာကာ ငုံ့ထားမိတဲ့သူ့ခန္ဓာကိုယ်ကို ဖက်တွယ်လာသည်။ အဲ့ဒီ့နောက် သူ့ကို ဖက်ကာ ပြန်လှဲချလိုက်တာမို့ အလိုလိုနေရင်း အစ်ကို့အိပ်ယာပေါ်က အစ်ကို့ရင်ခွင်ထဲ သူရောက်သွားရသည်။ ပြန်ရုန်းထဖို့ ကြိုးစားပေမယ့် တင်းကျပ်နေအောင် ဖက်ထားတာမို့ သူ ငြိမ်ငြိမ်လေး နေရင်း မနက်ကျရင် ပေးရမယ့် အကြောင်းပြချက်ကို ရင်ဖိုစွာ စဉ်းစားမိသည်။

နတ်သမီးပုံပြင် 【Completed】Where stories live. Discover now