⟨ 02 ⟩

727 128 35
                                    

⟨ Unicode Version ⟩
⟨ နတ်သမီးပုံပြင် ⟩

နှစ်နှစ်ခန့်ကြာပြီးနောက် ...

" ဖျတ် ဖျတ် ဖျတ် "

ကင်မရာမီးတဖျပ်ဖျပ်နဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုအလယ်။ 

" ဂျောင်ယွန်းအုပ်စုကို ဆက်ခံမယ့်သူက ဥက္ကဌကြီးရဲ့သမီးအကြီးဆုံး ဒါရိုက်တာဂျွန်လား ~~ ဒါမှမဟုတ် လေ့လာနေဆဲ သားအငယ် ဂျွန်လားဆိုတာ ဖြေပေးပါဗျ "

" ဥက္ကဌကြီးက သားဖြစ်သူကို လွှဲပေးခဲ့တယ်လို့ သိရပါတယ် ..  ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုမ္ပဏီရဲ့ရှေ့နေရုံးဘက်က သတင်းရထားပါတယ် ဗျ ဖြေပေးပါဦး ဒါရိုက်တာဂျွန် "

သတင်းထောက်တွေရဲ့မေးခွန်းတွေကြား ရင်ဆိုင်နေရတဲ့ အမျိုးသမီးရဲ့မျက်နှာကတော့ အေးစက်တောင့်တင်းနေပေမယ့် ထိုအမျိုးသမီး နံဘေး ကပ်လျက်ရှိနေတဲ့ကောင်လေးကတော့ လောကကြီးကို စိတ်ပျက်စွာ ဝေ့ဝိုက်ကြည့်သည်။ အမျိုးသမီးဆီမှ လက်အချက်ပြမှုတစ်ခုရပြီးတဲ့နောက်မှာတော့ သတင်းထောက်တွေရဲ့အသံတိတ်ဆိတ်ကာ ကင်မရာသံတွေသာ ကျန်ရစ်သည်။

" ဂျောင်ယွန်းအုပ်စုအနေနဲ့ ထုတ်ပြန်ကြေညာရမယ်ဆိုရင် ဥက္ကဌဂျွန် သေဆုံးပြီးနောက်ပိုင်း ပထမ သုံးနှစ်ကို ယာယီဥက္ကဌအနေနဲ့ ကျွန်မ ဂျွန်ယွန်းမီက တာဝန်ယူပေးသွားမှာ ဖြစ်ပြီး အများပြည်သူရဲ့အပြုသဘောဆောင်လှုပ်ရှားမှုတွေကြားမှာ တိုးတက်အောင် ဆောင်ရွက်ပေးပါ့မယ်လို့ ကတိပေးပါတယ် ဆက်လက်ပြီး ရှင်းလင်းအောင် ပြောကြားရမယ်ဆိုရင် ယာယီဥက္ကဌအနေနဲ့ တာဝန်ယူနေစဉ်ကာလအတွင်း ရှယ်ယာအများဆုံးဖြစ်တဲ့ ဥက္ကဌဂျွန်ရဲ့တစ်ဦးတည်းသောသား ‌ဂျွန်ဂျောင်ကုက ဒါရိုက်တာအနေနဲ့ ကုမ္ပဏီအကျိုးကို ထမ်းဆောင်ပေးမှာ ဖြစ်ပါတယ် ... ကျွန်မအနေနဲ့ တရားဝင်ထုတ်ပြန်လိုတဲ့သတင်းအချက်အလက်ကတော့ ဒီလောက်ပါပဲ ..."


ပြောပြီးတာနဲ့ ဘေးနားက မောင်ဖြစ်သူကို အချက်ပြကာ စတိတ်ပေါ်ကနေဆင်းတော့ သတင်းထောက်တွေက မေးခွန်းထပ်မထုတ်တော့နိုင်အောင် Bodyguard တွေရဲ့အကာအကွယ်ကို ယူလိုက်သည်။ အဲ့ဒီ့နောက် ကင်မရာတွေရဲ့ဆိတ်ကွယ်ရာ အရပ်ကို ရောက်ပြီ ဆိုမှ သူမ မောင်ဖြစ်သူကို သူမ လှည့်ကြည့်လိုက်သည်။

နတ်သမီးပုံပြင် 【Completed】Where stories live. Discover now