⟨ 07 ⟩

594 101 17
                                    

⟨ Unicode Version ⟩
နတ်သမီးပုံပြင်
⟨ အပိုင်း ၀၇ ⟩

"( ဒုန်း ) "

" ကင်ဆော့ဂျင်!!! "

ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကြီးကြောင့် သူမျက်ဝန်းတွေကို ဖွင့်ကြည့်မိတော့ ညအိပ်မီးထွန်းထားတဲ့ သူ့အခန်းမျက်နှာကြက်ကို သူမြင်လိုက်ရသည်။ သို့ပေမယ့် မောဟိုက်တုန်ယင်နေတဲ့သူ့ရင်ဘတ်ရဲ့အနိမ့်အမြင့်ကြောင့် သူထထိုင်မိတော့မှ သူမြင်ခဲ့ရတဲ့ထိတ်လန့်ဖွယ်ရာမြင်ကွင်းကြီးဟာ အိပ်မက်မှန်း သူသိလိုက်ရတော့သည်။

ဘာလို့ ဒီလို အိပ်မက်လဲ ... ဘာလို့ အစ်ကို့ကိုဆုံးရှုံးရတယ်လို့မက်ရတာလဲ ... ဒုတိယအကြိမ်အပြီးတိုင်ခွဲခွာဖို့ သူအဆင့်သင့်ဖြစ်လာမှာ မဟုတ်ဘူးလေ ...

မြင့်ချည်နိမ့်ချည်ဖြစ်နေတဲ့ရင်ဘတ်ကြောင့် သူ ရေတစ်ငုံသောက်ရင်း ထိတ်လန့်စိတ်ကို ချုပ်တည်းလိုက်သည်။

တကယ်ဆို မနေ့ညက အစ်ကိုနဲ့ညစာစား၊ ဝိုင်သောက်၊ လမ်းလျှောက်ပြီးတော့ အစ်ကို သူ့လက်ကို ဆွဲပြီး ကားထိ ခေါ်ခဲ့တာမို့ သူ ကြည်နူးနေခဲ့တာဖြစ်သည်။ ကားပေါ်မှာ အစ်ကိုနဲ့သူ စကားတချို့ပြောခဲ့ပေမယ့် ဘာတွေလဲတော့ သူမသိသလို ဘာဆက်ဖြစ်လဲ သူမသိ။ သေချာတာကတော့ မသောက်ထားတဲ့အစ်ကိုက သူ့ကို အိမ်ပြန်ခေါ်လာတာဖြစ်သည်။

သူမက်တဲ့အိပ်မက်က အပြင်မှာ ဖြစ်ပျက်တာနဲ့ ထပ်တူညီစွာ ဖြစ်ပြီး အပြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာတဲ့။ ထိုအဖြစ်အပျက်ကြောင့် သူအစ်ကို့ကိုဆုံးရှုံးလိုက်ရပြီး အိပ်မက်ထဲမှာ အစ်ကို မသေဆုံးခင်ပြောသွားတဲ့စကားက
"ကိုယ့်ကို ထပ်မချစ်နဲ့ ... တောင်းဆိုတယ်နော် ကိုယ့်ကို ထပ်မချစ်ပါနဲ့" တဲ့။ သူကတော့ အိပ်မက်ထဲမှာ သွေးတွေရွှဲနေတဲ့အစ်ကို့ကို ဖက်တွယ်ပြီး ငိုနေခဲ့သည်။

" ... "

သူအသက်ဝဝရှူရင်း မတည်ငြိမ်နေတဲ့စိတ်အာရုံတွေကို စုစည်းလိုက်မိသည်။ အခုတော့ သူ့မှာ ဒီအိပ်မက်ကြောင့် ညသန်းခေါင်ထနိုးကာ ပြန်အိပ်မရတော့။ ထို့ကြောင့် အခန်းထဲကထွက်ရင်း မျက်နှာချင်းဆိုင် အခန်းမှာရှိနေတဲ့အစ်ကို့ဆီ တိတ်တိတ်လေး ချဉ်းကပ်မိသည်။

နတ်သမီးပုံပြင် 【Completed】Where stories live. Discover now