⟨ 05 ⟩

488 100 36
                                    

⟨ Unicode Version ⟩
⟨ နတ်သမီးပုံပြင် ⟩
အပိုင်း ၅

စူးအောင့်နေတဲ့ရင်ဘတ်ကြောင့် သူအသိတရားတွေ နိူးထလာရင်း သောက်နေကျ ဆေးဘူးရှာမိသည်။ သို့ပေမယ့် သူ့လက်ရှိနေရာက သူ့အိမ်မဟုတ်တာမို့ ဆေးကမရှိ။  သူတကယ်လိုအပ်နေပြီမို့ အင်အားချိနဲ့နေတဲ့ကြားကနေ သူ ကုန်းရုန်းထမိသည်။ ကုတင်ခြေရင်း တစ်ဖက်ခြမ်းဆိုဖာမှာတော့ သူမြင်လိုက်ရတာ အိပ်စက်နေတဲ့ဂျွန်ဂျောင်ကု။

ခန္ဓာကိုယ်ရဲ့နာကျင်မှုကနေ ရုတ်ချည်း စိတ်ရဲ့နာကျင်မှုအသွင်ပြောင်းသွားမိသည်။

" ဘာဖြစ်လို့  မင်းကြောင့် ခဏခဏ နာကျင်နေရတာလဲ ဂျွန်ဂျောင်ကု "

သူ ခပ်တိုးတိုးလေးရေရွတ်မိရင်း အိမ်ပြန်ဖို့အတွက် အိပ်ယာပေါ်ကနေ ခြေလှမ်းဖွဖွနဲ့ ဆင်းမိသည်။ သူ့ကိုယ်ပေါ်မှာတော့ သူ လိုအပ်နေတုန်းကလို ဗလာဖြစ်နေတာ မဟုတ်ဘဲ အင်္ကျီတွေရှိနေတာမို့ ကြည့်ရတာ ဂျွန်ဂျောင်ကု ပြန်ဝတ်ပေးခဲ့ပုံပေါ်သည်။

ဆော့ဂျင် သူ့အပေါ်ကုတ်ကို ပြန်ဝတ်ကာ အိပ်စက်နေတဲ့ဂျောင်ကုကို ခဏတာ လည်ပြန်ကြည့်မိသည်။ ဒီလိုမျိုး တစ်ယောက်တည်း မချန်ထားခဲ့ချင်ပေမယ့် သူ့အခြေအနေကအရေးပေါ်မို့ သူအိမ်ပြန်ဖို့လိုအပ်သည်။

အဲ့ဒီ့နောက် ယိုင်တိယိုင်တိုင်နဲ့ သူ အခန်းထဲကနေ ထွက်ကာ ကားငှားဖို့ကြိုးစားသည်။ သို့ပေမယ့် ဒီလိုမနက်ဝေလီဝေလင်းအချိန် ကားရတာမျိုးက ရှားသည်။ အဲ့ဒါထက် သူ့အသိအာရုံတွေက ရှိနေသေးတာမို့ အနီးစပ်ဆုံးဆေးရုံရှာကာ ဆေးရုံဆီဦးတည်ဖို့ကြိုးစားမိသည်။

လူကသာ ဆေးရုံဆီဦးတည်နေပေမယ့် စိတ်ထဲမှာတော့ မေးခွန်းများစွာရှိသည်။

ဒါရိုက်တာဂျွန်ဂျောင်ကုက သူ့နဲ့အိပ်ဖို့ မိုက်မိုက်ရိုင်းရိုင်းတွေပြောခဲ့တဲ့အပြင် အန်ယောင်းမင်ကိုပါ အခုလိုတွေအထိ လုပ်ခိုင်းခဲ့သည်။ တကယ်တမ်း သူ့ကို အခွင့်အရေးအနေနဲ့ရလာတော့လည်း အခွင့်ကောင်းယူတာမျိုး မလုပ်ခဲ့။ ဂျွန်ဂျောင်ကုတစ်ယောက် ဘာကို လိုချင်နေတာလဲ သူ တကယ်သိချင်‌မိသည်။

နတ်သမီးပုံပြင် 【Completed】Where stories live. Discover now