မုန်း၍ဖြင့် မနေရစ်စေလို_(၂)

Börja om från början
                                    

        "တော့်သမီး ကျုပ်ကိုပြန်ပြောနေတာ‌လေ၊လူကြီးက ဆုံးမရင် မနာခံချင်ဘူး၊ငယ်ငယ်ရွယ်ရွယ်နဲ့ ဒင်းက ဇောင်းထနေတာ"ဟု အသံကုန်အော်ဟစ်သွား‌လေသည်။လတ်၏စိတ်ထဲတွင် အမေသည် လတ်ကို မုန်းနေသည်ဟုသာ နာနာကျည်းကျည်းတွေးနေမိ၏။မမကြီးဘယ်သူနှင့်ပေါင်းပေါင်း အမေသည် မပိတ်ပင်တတ်သော်လည်း တစ်ဦးတည်းရှိသည့် လတ်၏သူငယ်ချင်းကိုတော့ ‌အမေဘာကြောင့် ငြိုငြင်နေရသည်ကို နားမလည်။နှင်းနှင်းအေး သန်းပေါနေတာ သူ၏ အပြစ်လည်း မဟုတ်။နှင်းနှင်းအေးလည်း သန်းတွေကို ခေါင်းပေါ်မှာ ဘယ်ထားချင်မှာလဲ။အလကား လတ်ကို မုန်းလို့ ရမည်ရှာနေတာပဲဟုသာ နာနာကျည်းကျည်းတွေးနေမိခဲ့သည်။
       အဖေသည်လည်း အမေအား မြတ်နိုးချစ်ကြောက်ရသူဖြစ်သဖြင့် လတ် ဒီလောက်အရိုက်ခံနေရတာကို အမေ့အား အပြစ်တင်စကားဟူ၍ တစ်ခွန်းမျှ မဆို။ထိုအစား လတ်ကိုသာ အပြစ်ဆိုချင်သည်။ထို့ကြောင့် အဖေသည်လည်း အမေနှင့်အတူတူပင် လတ်ကို မုန်းနေပုံရသည်ဟု တစ်ထစ်ချတွေးလိုက်မိသည်။"သမီးငယ်ရယ် ဘာဖြစ်လို့ သမီးအမေကိုပြန်ပြောရတာလဲ။သမီးအမေက သူ့ကို ပြန်ပြောတာမကြိုက်ဘူးဆိုတာမသိဘူးလား ဟင်"ဟူသော စကားကို အမေ့ဘက်လိုက်၍ လတ်အား တိုးတိတ်ညင်သာစွာ အပြစ်တင်စကားဆိုခဲ့သည်။အ‌မေ လတ်ကို ပြောသောပုံစံနှင့်ယှဉ်လျှင် အဖေ၏အသံသည် သာ၍ ညှင်သာမှုရှိသဖြင့် အဖေကတော့ လတ်အား နည်းနည်းကလေးသာ မုန်းနေသည်ဟုတော့ မှတ်ယူလိုက်သည်။
     လတ်သည် ဘာမျှပြန်မပြောဘဲ လတ်၏ပုခုံးကျင်ကျင်လေးကို ကိုင်ကာ 'ဘယ်နား နားသွားတာတုန်း အဖေ့ကိုပြပါအုန်း'ဟု ပြာပြာသလဲမေးနေသည့် အဖေ့ကိုသာ ကြောင်၍ ကြည့်နေမိသည်။အဖေသည် ငိုကြွေးခြင်းအလျင်းမရှိသည့် လတ်အား အတန်ကြာအောင် စိတ်ပြေသွားစေရန် ချော့မော့နေသည်။ခဏကြာ‌တော့ လတ်သည် အဖေ၏ တီတီတာတာချော့မြူသံများအပေါ် သာယာကိုင်းညွှတ်လာကာ

      "အတန်းထဲမှာ လတ်ကို ပေါင်းမယ့်သူငယ်ချင်းဆိုလို့ နှင်းနှင်းအေးပဲရှိတာအဖေ၊လတ်က ဆင်းရဲပြီး စာညံ့တော့ ဘယ်သူကမှ မပေါင်းချင်ကြဘူး"ဟု ငိုသံများစွတ်၍ ပြန်ပြောလိုက်လေသည်။

မုန်း၍ဖြင့် မနေရစ်စေလိုDär berättelser lever. Upptäck nu