- 7 -

45 10 0
                                    

|Unicode|

"နွယ်ရေ နွယ် ကြာလိုက်တာ၊ အိမ်သာများဖြစ်နေပြီလား"

သူငယ်ချင်းဖြစ်သူ အိမ်သာသွားသည်မှာ နာရီပိုင်းလောက်ကြာနေပြီမို့ စိတ်ပူလာကာ သူမ ထလိုက်သွားတော့သည်။

"ဟဲ့ နွယ် မိနွယ်"

အိမ်သာရှေ့ဖက်၌ ပုံရက်လဲနေသော သူငယ်ချင်းဖြစ်သူကြောင့် တိတ်ဆိတ်သောညအလယ်၌ သူမ၏အသံသည် စူးရှစွာထွက်လာတော့သည်။

"အန်တီရေ အန်တီ အန်ကယ် လုပ်ပါအုံး၊ နွယ် နွယ်ဘာဖြစ်လို့လဲမသိဘူး"

သူမ၏အော်ခေါ်သံကြောင့် အပေါ်ထပ်ရှိအိပ်နေကြပြီဖြစ်သော မုန်းမြတ်နွယ်၏မိဘများ နိုးလာကြကာ အောက်ထပ်သို့ အမြန် ဆင်းလာကြသည်။ မုန်းမြတ်နွယ်မိဘများပင်နိုးလာသည်မဟုတ်ဘဲ အိမ်နီးနားချင်းမှ လူများပါ နိုးလာကာ ရောက်လာကြ၏။

"သမီး သမီး ဆေးရုံပို့ရမယ်ထင်တယ်"

ညတွင်းချင်းပင် ဆေးရုံကြီးသို့ ပို့ရလေတော့သည်။ ဆေးရုံရှိစက်ကိရိယာအစုံအလင်ဖြင့် စမ်းသပ်သော်ငြားလည်း မည်သည့်ရောဂါလက္ခဏာမှ ရှာမတွေ့ဘဲ မုန်းမြတ်နွယ်မှာ မေ့မျောနေဆဲပင်ဖြစ်သည်။ အစာအဆိပ်သင့်သည်လည်း မဟုတ်ပေ။

                      * * * *

ကြေးမုံပြင်ရှေ့ ထိုင်နေရင်း တျာမယ့်စန္ဒီ ကြေးမုံထဲ၌ ပေါ်နေသော မိမိ၏ပုံရိပ်အား တိတ်တဆိတ်ကြည့်နေသည်။

ရှည်လျားပြီး ကော့ညွတ်နေသော အနက်ရောင်မျက်တောင်ရှည်များ ရှိပြီး ထိုမျက်တောင်ရှည်တို့၏ အောက်၌ မျက်ဝန်းမှာ အနက်ရောင်လေးသန်းနေသည်။ နှာတံရှည်ရှည်ချွန်ချွန်လေးနှင့်အတူ ပါးလျသည့် နှုတ်ခမ်းတို့က ဆိုးဆေးကူစရာမလိုဘဲ ရဲနေသည်။ လက်သည်းခွံများက လက်ချောင်းသွယ်သွယ်လေးတို့၏ ထိပ်၌ ပန်းနုရောင်ပြေးနေသည်။

မုန်းမြတ်နွယ်သည် ဒွါရသင်္ခဟုအမည်တွင်သောတိုင်းပြည်သို့ရောက်နေသည်မှာ နှစ်လနီးပါးခန့်ရှိနေလေပြီ။ ထူးဆန်းသည့်အချက်မှာ ၂၁ရာစုမှလာသော်လည်း စကားအပြောအဆို၊ မှတ်ဉာဏ်မှစကာ လှုပ်ရှားပုံမှအစ မည်သည့်ပြဿနာမှမရှိပေ။ အရာအားလုံး သူကြုံဖူးတွေ့ဖူးသည့်အတိုင်း အရာရာချောမွေ့နေလေသည်။

ဟိုး...ပြာသာဒ်နန်းဆီကWhere stories live. Discover now