|Unicode|
မိုးလေကင်းလွတ်ပြီး တိမ်ကင်းစင်သည့်ညဖြစ်သည်မို့ ကောင်းကင်၌ ကြယ်အများအပြားရှိနေလေသည်။ လဆန်း ၁၂ရက်ဖြစ်သည်မို့ လသည် ပြည့်လုနီးပါးရှိနေပြီး မြေပြင်ကို ဖြာကျလျက်ရှိသည်။
"Happy birthday to you happy birthday to Mone Myat Nwe happy birthday happy birthday happy birthday to dear Mone Myat Nwe happy birthday to you"
အသံများဆုံးသွားသည်နှင့် ကိတ်ပေါ်၌ထွန်းထားသော ဖယောင်းတိုင်များကို မုန်းမြတ်နွယ် မှုတ်လိုက်လေသည်။
"ရော့ သမီးအတွက်"
ဖခင်ဖြစ်သူပေးလာသော ခပ်လတ်လတ်ဘူးလေးအားဖွင့်ကြည့်လိုက်သည်။
"ဝါးးလှလိုက်တာ"
"ကြိုက်လား"
"ကြိုက်တယ် ကြိုက်တယ်"
အစိမ်းရောင်နှင့်ရွှေအိုရောင်ရောနှောထားသောလတ်ပတ်လေးနှင့် နာရီဝိုင်းလေးအား လက်နဲ့အသာဖွဖွ ထိကိုင်ရင်း မိခင်ဖြစ်သူအားထပ်မံကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည်တော့ အရောင်တောက်နေကာ တစ်ခုခုကိုမျှော်လင့်နေဟန် ရှိသည်။
"ရော့ပါရှင်"
မိခင်ဖြစ်သူပေးသော ခပ်သေးသေး အနီရောင်ဘူးလေးအား ဖွင့်ကြည့်လိုက်သည်။ ဘူးလေးထဲ၌ ရွှေရောင်လက်စွပ်မောင်းကွင်းလေးက အကျအန နေရာယူထားသည်။
"သမီးမှာရှိတဲ့ဟာကို လက်ငါးချောင်းလုံးမှာ ပြည့်အောင်ဝတ်ခိုင်းမလို့လား"
ချွဲနွဲ့သောလေသံဖြင့် မိခင်ဖြစ်သူအားဖက်ကာ ဆိုလိုက်သည်။ အမှန်ပင်ဖြစ်သည်။ သူမ၌ လက်ထဲ၌ ကိုင်ထားသောလက်စွပ်ကိုထည့်ရေလျှင် မောင်းကွင်း လေးကွင်းရှိနေပြီဖြစ်သည်။ သို့ပေမဲ့ တကွင်းကိုသာ ညာဖက်လက်ညှိုး၌ ဝတ်ထား၏။
"ရွှေဆိုတာ ဘယ်ချိန်ဖြစ်ဖြစ် အသုံးဝင်တယ်လေ"
"ဟုတ်ပါပြီ မေမေရယ်"
"ဟိတ် ငါ့ဖက်လာမကြည့်နဲ့နော်၊ မနက်ကပဲ အရုပ်ပေးထားပြီးပြီ"
မနက်ကတည်းက စောယုယထိုက်သည် မုန်းမြတ်နွယ်၏ အိမ်၌ ရှိနေခြင်းပင်ဖြစ်သည်။
"ဟုတ်ပါပြီ"
သူငယ်ချင်းဖြစ်သူအား ခွန်းတုံ့ပြန်လိုက်ပြီး ကိတ်ခွဲကာ ဖခင်ဖြစ်သူအား အရင်ခွံ့၏။ ပြီးနောက် မိခင်ဖြစ်သူအား ခွံ့၏။ ပြီးမှသာ စောယုအားခွံ့ပြီး သူမ စား၏။
YOU ARE READING
ဟိုး...ပြာသာဒ်နန်းဆီက
Historical Fictionအိပ်မက်အပိုင်းအစတွေကိုစုစည်းကြည့်ဖို့ ကြိုးစားလိုက်တဲ့အခါ