|Unicode|
"လျှောက်တင်ပါတယ်....ခေါင်မိဖုရား ကြွ..ချီလာကြောင်းပါဘုရား"
အဆောင်တော်အပြင်ဖက်မှ လျှောက်တင်သံဆုံးသည်နှင့် အဆောင်တံခါးသည် ပွင့်ဟလာခဲ့သည်။ ကနုတ်ပန်းခက်အဖြူရောင်တို့ပါသော ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာအမူအရာက အထက်စီးဆန်သည်။ လမ်းလျှောက်ပုံကအစ ကြွရွနေကာ မြင်သည်နှင့် အဆင့်အတန်းနိမ့်ထဲမှ မဟုတ်မှန်းခံ့မှန်းနိုင်သည်။ လက်ဝတ်လက်စားများနှင့် ဘယက်က ရွှေများဖြစ်ပြီး ဦးခေါင်းထက်ရှိ အဆင်တန်ဆာများက တောက်ပသော ခရမ်းရောင်များပင်ဖြစ်သည်။
"အချိန်မတော်မှ နှမက အဘယ်ကြောင့် ရောက်လာရသလဲ"
"အခုတလော ည ည အိပ်မပျော်ပေဘူး သတင်းကြားမိလို့ပါ"
"စက်ရာဝင်ချိန်ရောက်ရော့ပ"
မိဖုရားက ညင်သာစွာရယ်သည်။ ခေါင်မိဖုရားဆိုသည့်အတိုင်း အမူအရာ အပြုအမူကအစ နန်းသွေးနန်းဟန်အပြည့်နှင့်ပင်။
"ဝင်လာခဲ့ကြ"
ခွင့်ပြုမိန့်ရလိုက်သည်နှင့် လင်ဗန်းကိုယ်စီကိုင်ထားသော ရံခြွေတော်များသည် အဆောင်အတွင်းသို့ အစီအရီဝင်လာကြသည်။ မည်သူမျှ ဒွါရသိင်္ခပြည်၏ အရှင်သခင်တို့အား မော်မဖူးဝံ့ကြပေ။
"ခြေလက်သန့်စင်ဖို့အချိန်ပါ ဘုရား"
ဘုရင်ဖြစ်သူမှ ခေါင်းငြိမ့်ပြလိုက်သည်နှင့် ရံရွှေတော်တို့မှာ အနားတိုးကပ်လာပြီး ခြေလက်သန့်စင်ပေးကြလေသည်။ ပြီးနောက် အချို့ရံရွေတော်များမှာ ပြန်ထွက်သွားပြီး အချို့ကျန်ရစ်ခဲ့လေသည်။
ကျန်ရစ်ခဲ့သော ရံရွေတော်နှင့် မိန်းမစိုးမှ စက်ရာဝင်ရန်အတွက် ဝတ်ရုံများကို ပြင်ဆင်လဲလှယ်ပေးကြပြီးနောက် ရို့ရို့လေးပြန်ထွက်သွားကြလေသည်။ ပြီးသည့်နောက် ဘုရင့်အဆောင်တော်၌ မိန်းမစိုးနှင့် ရဲမက်အချို့သာ ကျန်ရစ်ခဲ့ပြီး ကျန်သူများမှာ အလျိုလျို ထွက်သွားကြလေသည်။
ရံရွေတော်များထွက်ခွာသွားပြီး သိပ်မကြာမီ အဆောင်တော်အတွင်း၌ အလင်းရောင်သည် အမှောင်ကျသွားခဲ့ပြီး သာယာညစ်ညူးသော အသံခပ်တိုးတိုးတို့သည် လေမှတဆင့် ပျံ့လွင့်လာခဲ့တော့သည်။
![](https://img.wattpad.com/cover/342794901-288-k436107.jpg)
YOU ARE READING
ဟိုး...ပြာသာဒ်နန်းဆီက
Historical Fictionအိပ်မက်အပိုင်းအစတွေကိုစုစည်းကြည့်ဖို့ ကြိုးစားလိုက်တဲ့အခါ